ကမ္ဘာ့အဆင့်မီလုပ်ငန်းခွင်တစ်ခုအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။

11 စက်တင်ဘာ 2024
-
5 minutes

a logo mentioned "World Class Work Place" recognition

ကမ္ဘာ့အဆင့်မီလုပ်ငန်းခွင်တစ်ခုဆီသို့...

Royal De Heus သည် ၂ဝ၂၄ - ၂ဝ၂၅ ခုနှစ်အတွင်းကမ္ဘာ့အဆင့်မြင့်လုပ်ငန်းခွင်တစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ ယခုကဲ့သို့ ဂုဏ်ယူဖွယ်ရာအသိအမှတ်ပြုခံရမှုသည် ကျွန်ုပ်တို့၏ဝန်ထမ်းများပေါ်တွင်ပေးအပ်ထားခဲ့သော စေတနာပြည့်ဝသောပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးပြီး ထူးချွန်လိမ္မာသောဝန်ထမ်းများဖြစ်စေရန်ဟူသည့် ကျွန်ုပ်တို့၏ကတိကဝတ်ထားရှိမှုများကိုထင်ဟပ်စေသည့် ပြယုဂ်တစ်ခုလည်းပဲဖြစ်ပါသည်။

 

ဝန်ထမ်းများအားပါဝင်စေခြင်း။

ကျွန်ုပ်တို့ ဒီဟက်(စ်) အနေဖြင့် ကျွန်ုပ်တို့၏ဝန်ထမ်းများကိုများစွာတန်ဖိုးထားရှိပါတယ်။ တာဝန်ကိုယ်စီသတ်မှတ်ပေးထားပြီးအချင်းချင်းရိုင်းပင်းကူညီစေတတ်သောလုပ်ငန်းခွင်တစ်ခုတည်ဆောက်ခြင်းဖြင့် ပိုမိုကောင်းမွန်သောလုပ်ငန်းခွင်ဆိုင်ရာတိုးတက်မှုများကိုရရှိနိုင်စေမည်ဟုယုံကြည်ထားသည့်အတိုင်း ဝန်ထမ်းများနှင့်အတူအမြဲမပြတ်လုပ်ဆောင်လျက်လည်းရှိနေပါသည်။

ဝန်ထမ်းစစ်တမ်းကောက်ယူရာမှာရရှိခဲ့တဲ့ ရလဒ်တွေကအရမ်းကိုရှင်းလင်းပြီးပြတ်သားပါတယ်။ ဒီဟက်(စ်)ဝန်ထမ်းတွေဟာကုမ္ပဏီရဲ့ရောက်ရှိချင်တဲ့နေရာ၊ သွားချင်နေတဲ့ပုံစံကိုရှင်းလင်းပြတ်သားစွာသိရှိနေတာကြောင့် ဒီလိုရလဒ်တွေရရှိခဲ့တယ်လို့ထင်ပါတယ်။

Wichard Bieze

Group Director Human Resources at Royal De Heus, The Netherlands

ကုမ္ပဏီတစ်ခုလုံးနှင့်သက်ဆိုင်သောမေးခွန်းစစ်တမ်းများ။

ဒီဟက်(စ်)ဝန်ထမ်းများကိုဖိတ်ခေါ်ပြီး မေးခွန်းများကိုဖြေဆိုကာ ၎င်းတို့၏အလုပ်ရှင်ပေါ်တွင်နားလည်ထားရှိသောစံနှုန်းများနှင့်အလုပ်ရှင်ပေါ်တွင်ထားရှိသောအမြင်များကိုသိရှိနိုင်စေရန်အတွက်စစ်တမ်းကိုဖြေဆိုစေခဲ့ပါသည်။ ရရှိလာသောစစ်တမ်းရလဒ်များအရ ဒီဟက်(စ်)သည်အလုပ်လုပ်ကိုင်ရန်အတွက် ကမ္ဘာ့စံချိန်စံညွှန်းသတ်မှတ်ချက်များထက်ကိုကျော်လွန်ကာ ကမ္ဘာ့အဆင့်မီလုပ်ငန်းခွင်တစ်ခုအဖြစ်ဝန်ထမ်းများကသတ်မှတ်ပေးခဲ့ကြပါသည်။

a picture shows result data in infographic way


ယုံကြည်မှု၏သင်္ကေတ။

Work class Workplace ဟုခေါ်ဆိုသော လုပ်ငန်းခွင်ဆိုင်ရာချီးမြှင့်မှုတစ်ခုသည် ကမ္ဘာ့ကုမ္ပဏီပေါင်းများစွာအတွင်းမှစစ်တမ်းရလဒ်အလွန်မြင့်များသောလုပ်ငန်းများကိုသာချီးမြှင့်ပေးအပ်သောအသိအမှတ်ပြုတစ်ခုဖြစ်ပါသည်။ ယခုရရှိခဲ့သောရလဒ်စစ်တမ်းများသည် ကုမ္ပဏီတွင်လက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသောဝန်ထမ်းများကိုယ်တိုင်ပါဝင်ဖြေဆိုပေးထားကြသည့်စစ်တမ်းဖြစ်ပြီး ဒီဟက်(စ်)တွင်အလုပ်လာရောက်လုပ်ကိုင်ရန်စိတ်ဝင်စားလျက်ရှိကြသောသူများအတွက် ယုံကြည်စိတ်ချရသောလုပ်ငန်းခွင်တစ်ခုအဖြစ်လည်းသတ်မှတ်နိုင်ခဲ့ပါသည်။