မြန်မာ့နိုင်ငံတွင်အကောင်းဆုံးကုမ္ပဏီတစ်ခုအဖြစ်အသိအမှတ်ပြုခံရခြင်း။

10 အောက်တိုဘာ 2024
-
5 minutes

ဒီဟက်(စ်)မြန်မာလီမိတက်အနေဖြင့် Best Companies to work In Myanmar (BCIM) Award ကိုလက်ခံရရှိခဲ့ပါသည်။

best companies award in Myanmar logo by jobnet.com.mm

မြန်မာနိုင်ငံ၏မွေးမြူရေးဆိုင်ရာအပိုင်းကဏ္ဍတွေမှာ ယုံကြည်စိတ်ချရတဲ့အမှတ်တံဆိပ်တစ်ခုဖြစ်ရုံသာမျှမကဘဲ ၂ဝ၂၄ ခုနှစ်အတွက် "မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီများထဲမှတစ်ခု" အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခံရခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ အဆိုပါဆိုကိုရရှိလိုက်ခြင်းအားဖြင့် ဒီဟက်(စ်)သည်မြန်မာနိုင်ငံတွင် တိရစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ဦးဆောင်လျက်ရှိနေပြီး မွေးမြူရေးလုပ်ငန်းရှင်များအတွက် ကမ္ဘာ့အဆင့်မီ တိရစ္ဆာန်အစာနှင့်ငါးစာများကို  ဆယ်စုနှစ်တစ်ခုကျော်လာသည့်တိုင်အောင် အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိနေကြောင်းကိုလည်းအထူးပင်ပေါ်လွင်စေခဲ့ပါသည်။

ten people are standing inside of the office and they are thumb up.

အစားအသောက်ဘေးကင်းလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီးရေရှည်တည်တံ့ရေးဆိုင်ရာများသည် ဒီဟက်(စ်)မြန်မာလီမိတက်၏အဓိကဦးစားပေးလုပ်ဆောင်ချက်များဖြစ်သည်နှင့်အညီ အကောင်းဆုံးအရည်အသွေးမြင့်အစာများကိုထုတ်လုပ်ပေးလျက်ရှိနေသလို တစ်ဖက်တွင်လည်းဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချမှုရရှိရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကောင်းမွန်သောလုပ်ငန်းခွင်တစ်ခုဖြစ်အောင်တည်ဆောက်ပေးနိုင်လေးတို့ကိုလည်း အလေးပေးဆောင်ရွက်နေခဲ့တာကြောင့် အခုလို BCIM Award ကိုထိုက်တန်စွာဖြင့်ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါသည်။

two people are standing and holding a award

ဝန်ထမ်းများကိုပိုမိုတိုးတက်အရည်အသွေးမြင့်လာစေရန်အစီအစဉ်ပေါင်းများစွာဖြင့်ပြုစုပျိုးထောင်ပေးကာ ထိမှတဆင့် မြန်မာနိုင်ငံ၏မွေးမြူရေးဆိုင်ရာအခန်းကဏ္ဍတွေမှာ ပိုမိုခေတ်မီသော မွေးမြူရေးစနစ်များ၊ အစာကျွေးစနစ်များကိုဝေမျှကာ တိုးတက်လာလျက်ရှိသော မြန်မာနိုင်ငံ၏အစားအစာလိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှဆက်လက်ကြိုးစားအကောင်အထည်ဖော်သွားမှာဖြစ်ပါသည်။