ဝက်ငယ်ကလေးများ
၀က်မွေးမြူရေးသမားများသည် ကျန်းမာရေးကောင်းမွန်ပြီး ကြီးထွားနှုန်း ကောင်းမွန်သော ၀က်ပေါက်လေးများကိုသာ မွေးမြူလိုကြသည်။ ကိုယ်စိုက်ထုတ်ထားသော အရင်းအနှီးပေါ်မူတည်ပြီး အမြတ်များနိုင်သမျှ များများရရန်လည်း ကြိုးစားကြရသည်။ ထို့ကဲ့သို့အကျိုးကျေးဇူးများ ရရှိနိုင်ရန်အတွက် ၀က်ပေါက်အရွယ်တွင် အစာစားနှုန်း ကောင်းမွန်အောင် လှုံ့ဆော်ပေးရန်မှာ အဓိကအချက် ဖြစ်ပါသည်။ ၀က်ငယ်လေးအစာ (creep feed) ကို စောစောကျွေးခြင်းဖြင့် ၀က်ငယ်လေး များ ပိုမိုသန်မာခြင်း၊ ခုခံအားစနစ် ပိုမိုကောင်းမွန်လာပြီး အသက်ရှင်သန်နှူန်း မြင့်မားလာကာ ကြီးထွားနှုန်းလည်း ပိုမိုကောင်းမွန်ကြောင်း သုတေသနများ အရ သိရှိရသည်။
အကောင်းဆုံးမွေးမြူရေးအစာနှင့်အဆင့်မြင့်ကူညီထောက်ပံ့မှုများပေါင်းစပ်ခြင်း
သင်၏အခက်အခဲများကိုကျွန်ုပ်တို့ကူညီပေးရန်လိုအပ်ပါသလား
အစာနှင့်ဝန်ဆောင်မှုများ
ဝက်ငယ်ကလေးများအတွက် အစာနှင့်ဝန်ဆောင်မှုများ
၀က်မွေးမြူရေးသမားများသည် အကောင်းဆုံးနည်းပညာဆိုင်ရာရလဒ်သာမက စီးပွားရေးရလဒ်ကောင်းများပါရရှိနိုင်ရန် အာရုံစိုက်ကြရသည်။ ထိုရလဒ်ကောင်းများရရှိနိုင်ရန်အတွက် အစာ၊ အဆောက်အဦးပုံစံနှင့် တိရစ္ဆာန်များသက်တောင့်သက်သာဖြစ်စေရန် ပြုစုစောင့်ရှောက်ခြင်းသည်လည်းအရေးပါသည်။
မိတ်ဆွေတို့ရဲ့၀က်မွေးမြူရေးတိုးတက်စေရန်ခေတ်မီတိုင်းတာရေးစက်ပစ္စည်းများအသုံးပြုခြင်း၊ ဆောဖ်ဝဲလ်များ ထောက်ပံ့ပေးခြင်းနှင့် ပညာရှင်များမှအကြံပေးခြင်း စသည့်အထောက်အပံ့များရရှိနိုင်သောကြောင့် အကောင်းဆုံး နည်းပညာဆိုင်ရာရလဒ်များ ရရှိလာမည်မှာမလွဲဧကန်ပင်ဖြစ်သည်။
ဝက်မွေးမြူရေးဆိုင်ရာ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ
၀က်ငယ်ကလေးများကြီးထွားမှုပုံစံဖြစ်စဉ်သည် တစ်ကောင်နှင့်တစ်ကောင်အတူတူ ပင်ဖြစ်သော်လည်း ဝက်မျိုး၊ ပတ်ဝန်းကျင်၊ ပြုစုစောင့်ရှောက်မှု စသည့် အချက်များပေါ်မူတည်ပြီး ကြီးထွားနှုန်းမှာ များစွာကွာခြားပါသည်။
ဝက်ငယ်လေးငယ်စဉ်မှာ အစာချေစနစ်ကောင်းစွာမဖွံ့ဖြိုးသေးသောကြောင့် ဝက်ငယ်လေးအစာ (creep feed) ကို ဖြည်းဖြည်းချင်း လေ့ကျင့်ကျွေးပေးရန် လိုအပ်သည်။ ထိုသို့ကျွေးပေးခြင်းအားဖြင့် အစာကိုကောင်းစွာစားတတ်လာ ပြီး သားခွဲချိန်တွင်ကြုံတွေ့ရသောပြဿနာများကို လျော့နည်းလာစေသည်။
သားမခွဲခင်အချိန် အစာကောင်းမွန်စွာကျွေးထားခြင်းဖြင့် သားခွဲပြီးချိန်တွင်
ဝက်ကလေးများ အစာစားနှုန်းကို လှုံ့ဆော်ပေးပြီး ကျန်းမာရေးကောင်းမွန်ကာ ကြီးထွားနှုန်းမြင့်မားလာစေသည်။
ထို့ကြောင့် ဝက်ငယ်လေးငယ်စဉ်တွင် မိခင်နို့သာမက ဝက်ကလေးအစာကိုပါ ဖြည့်စွက်ကျွေးပေးရန်လိုအပ်ပါသည်။ ထိုသို့ကျွေးပေးခြင်းဖြင့်
- ရေကောင်းမွန်စွာသောက်တတ်လာခြင်း
- အစာကောင်းမွန်စွာ စားတတ်လာခြင်း
- အစာကို ကောင်းမွန်စွာချေဖျက်နိုင်လာခြင်း
- ကြီးထွားနှုန်းကောင်းမွန်စေခြင်း
- ဝက်ငယ်လေးရှင်သန်နှုန်းမြင့်မားစေခြင်း