အရည်အသွေးသည်အရေးကြီးဆုံးဖြစ်သည်

အရည်အသွေးကောင်းမွန်မှသာ ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်နိုင်ပါမည်။

အရည်အသွေးသည် အရေးကြီးသောအပိုင်းတစ်ခုအနေဖြင့်အမြဲတမ်းတည်ရှိနေပါသည်။

လွန်ခဲ့သောနှစ်ပေါင်း (၁ဝဝ) ကျော်ကတည်းကအရည်အသွေးကိုအဓိကထားပြီးလုပ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး ဒါဟာမြန်မာနိုင်ငံတွင်သာမာ အခြားသောနိုင်ငံများအသီးသီးအတွက်လည်းထပ်တူပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ထုတ်လုပ်မှုနေရာအားလုံးသည် နောက်ဆုံးပေါ်အရည်အသွေးစံနှုန်းများနှင့် ပြည့်မီပါသည်။ ဤသည်မှာကျွန်ုပ်တို့၏ သုတေသန၊ လုပ်ငန်းဆောင်ရွက်မှုဗျူဟာနှင့် ကျွန်ုပ်တို့၏ထုတ်ကုန်အားလုံးအတွက်ကျင့်သုံးသည့် နိယာမတစ်ခုလည်းဖြစ်ပါသည်။

ယုံကြည်စိတ်ချရမှုနှင့်အရည်အသွေးတသမတ်တည်းရှိနေမှုတို့သည်တိရစ္ဆာန်အစာထုတ်လုပ်ရာတွင်အဓိကကျသောအချက်ဖြစ်ပြီးအချိန်နှင့်အမျှလည်းသက်သေများပြသလျက်ရှိနေပြီဖြစ်ပါသည်။ ဤကဲ့သို့သော တိကျသေချာစေ့စပ်သည့်နည်းလမ်းများကိုအသုံးပြုလုပ်ကိုင်ချင်းသည်ကျွန်ုပ်တို့၏ဖောက်သည်များအတွက်လည်းအကျိုးရှိစေပါသည်။

တိရစ္ဆာန်များအတွက် ပြီးပြည့်စုံသော အာဟာရ

ကျွန်ုပ်တို့သည်သုတေသနလုပ်ဆောင်ချက်များအပေါ်မူတည်ပြီး အခြားသောသုတေသနဆိုင်ရာများကိုလည်းထပ်တိုးလုပ်ဆောင်လေ့ရှိပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာလုံးဆိုင်ရာ သုတေသနခြံများသည်တိရစ္ဆာန်အုပ်စုများအတွက်အသိပညာဗဟိုချက်နှင့်နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများရှိသည့်နေရာတွင်တည်ရှိပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါသလား

အရည်အသွေးစံနှုန်းများကိုနေ့စဉ်ပုံမှန်တိုးတက်စေခြင်း။

အရည်အသွေးစီမံခန့်ခွဲမှုသည် ကျွန်ုပ်တို့၏ဝယ်ယူသူဖောက်သည်များအတွက်အရည်အသွေးမြင့်မားသောအစာများကိုနေ့ရက်တိုင်းမှာပေးစွမ်းနိုင်စေပါသည်။ သင့်ခြံအတွင်းမွေးမြူထားသောတိရစ္ဆာန်လေးများ၏အစာအာဟာရလိုအပ်ချက်မားကိုအချိန်နှင့်အမျှဖြည့်ဆည်းပေးနေခြင်းဖြင့်ရရှိလာမည့်အကျိုးအမြတ်များကိုပါကြိုတင်တွက်ဆလာနိုင်စေမှာပဲဖြစ်ပါသည်။

ဝယ်ယူသူဖောက်သည်များ၏မွေးမြူထားသောတိရစ္ဆာန်များ ကျန်းမာရေးကောင်းမွန်စေရန်နှင့်အကောင်းဆုံးအကျိုးရလဒ်များရရှိစေရန်အတွက်လုပ်ဆောင်ရာတွင်ဖြတ်လမ်းနည်းမရှိသလို လွယ်ကူခြင်းလည်းမရှိပါ။ ကုန်ကြမ်းများကိုအဆင့်ဆင့်စစ်ဆေးခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များအတွင်းကြားဖြတ်စစ်ဆေးခြင်းနှင့် အချောထည်အစာများကို နောက်ဆုံးစစ်ဆေးခြင်းတို့ကို ကျွန်ုပ်တို့အနေဖြင့်စဉ်ဆက်မပြတ်အာရုံစိုက်ရပါသည်။

ဆက်စပ်ခွဲခြမ်းစိတ်ဖြာမှုအားလုံးကို တူညီသောအရည်အသွေးစည်းမျဉ်းများနှင့်စံနှုန်းများကိုကျင့်သုံးသည့်ကျွန်ုပ်တို့၏ ဒေသတွင်း ခေတ်မီဓာတ်ခွဲခန်းများမှလုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် သဘာဝကျစွာ ကျွန်ုပ်တို့၏အစာအရည်အသွေးများကိုပိုမိုကောင်းမွန်အောင်ကြိုးစားလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်စီမံခန့်ခွဲမှုနှင့်ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်များကိုမြှင့်တင်ရန် နေ့ရက်တိုင်းတွင်ကျွန်ုပ်တို့ကြိုးစားနေပါသည်။ ကျွန်ုပ်တို့ဝန်ထမ်းများ၏ အရည်အသွေးနှင့်ဝန်ဆောင်မှုများပေါ်တွင်ထားရှိသောစိတ်အားထက်သန်မှုများသည် ကျွန်ုပ်တို့၏အရည်အသွေးစံနှုန်းများကို နေ့စဉ်နေ့တိုင်းမြှင့်တင်ရာတွင်လည်း အခန်းကဏ္ဍတစ်ခုမှပါဝင်ပါသည်။

နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များကိုလည်းရရှိပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့ထုတ်ကုန်များ၏အရည်အသွေးနှင့်ပါဝင်ပစ္စည်းများကိုအသိအမှတ်ပြုခံရစေရန်အတွက်ကျွန်ုပ်တို့သည် ISO 22000-2018 ကဲ့သို့သော နိုင်ငံတကာအရည်အသွေးစနစ်များစွာတွင်လည်းမှတ်ပုံတင်ပြီးဖြစ်ပါသည်။


တိရစ္ဆာန်အာဟာရပိုင်းဆိုင်ရာနည်းပညာများတွင်ရင်းနှီးမြှုပ်နှံခြင်း

ကျွန်ုပ်တို့သည်အသုံးချသုတေသနနှင့်ထုတ်လုပ်မှုနည်းပညာများတွင် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံပါသည်။ ဓာတ်ခွဲခန်းများ၊ သုတေသနအဆောက်အအုံများနှင့်စက်ရုံများကိုတည်ဆောက်ခြင်း သို့မဟုတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ကိုလည်းစဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။ ဒါ့ကြောင့်ကမ္ဘာနိုင်ငံအသီးသီးရှိ ဒီဟက်(စ်) လုပ်ငန်းစုများသည် လုပ်ငန်းဆောင်ရွက်ချက်များတွင်လည်းတူညီလျက်ရှိနေသည်ကိုတွေ့နိုင်ပါသည်။ အရည်အသွေးစံနှုန်းများကိုထိန်းသိမ်းရန်နှင့်စဉ်ဆက်မပြတ်တိုးတက်နေစေရန်အမြဲတမ်းအာရုံစိုက်ထားနိုင်စေရန်အတွက်ခေတ်အမှီဆုံးနည်းပညာများနှင့်နောက်ဆုံးပေါ်စက်ကိရိယာများကိုလည်း ထည့်သွင်းလုပ်ဆောင်ပေးလျက်ရှိနေပါသည်။


ဖောက်သည်များ၏ထောက်ခံချက်များ။

ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။