သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု

ကျွန်ုပ်တို့၏သုတေသနလုပ်ငန်းများကိုနေ့စဉ်တိုးတက်လုပ်ကိုင်ခြင်းဖြင့် သင့်မွေးမြူရေးလုပ်ငန်းကိုတိုးတက်စေရမည်။

တိရစ္ဆာန်မွေးမြူခြင်းနှင့်ငါးမွေးမြူခြင်းလုပ်ငန်းများသည်ရေရှည်တည်တံ့စေရန်အရေးကြီးပါသည်။

နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင်အောင်ကျွန်ုပ်တို့အနေဖြင့် ရေရှည်တည်တံ့မှု (Sustainability) ကိုအထူးအလေးထားဆောင်ရွက်ခဲ့ပါသည်။ လျှင်မြန်စွာပြောင်းလဲလာသောဈေးကွက်အခြေအနေများနှင့်စားသုံးသူများ၏လိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ပေးနိုင်ဖို့ကလည်း အလွန်အရေးကြီးလာခဲ့ပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့အနေဖြင့် မြောက်များစွာသောသုတေသနခြံများကိုတည်ဆောက်လျက်သင်၏မွေးမြူရေးဆိုင်ရာအခက်အခဲများကိုကူညီဖြေရှင်းဖို့နေ့စဉ်စမ်းသပ်ချက်များပြုလုပ်လျက်လည်ပတ်လျက်ရှိနေပါသည်။


အမျိုးမျိုးသောသုတေသနလုပ်ငန်းများ

ပထမဦးဆုံးအချက်အနေဖြင့်သုတေသနဆိုင်ရာဖောင်များဖြည့်သွင်းခြင်းသည်သုတေသနလုပ်ငန်းများ၏သင့်ခြံအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည့်အခြေခံပုံစံဖြစ်သည်။

 

 

အရည်အသွေးသည်ပထမဦးစားပေးဖြစ်သည်

နှစ်ပေါင်း (၁ဝဝ) ကျော်တိုင်ထိတိုင်အောင်အရည်အသွေးသည်သာပထမဦးစားပေးပဲဖြစ်ပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏ထုတ်လုပ်မှုနေရာအားလုံးသည်နောက်ဆုံးပေါ် အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီအောင်ပြုလုပ်ထားပါသည်။ ၎င်းသည်ကျွန်ုပ်တို့၏သုတေသန၊ လည်ပတ်မှုဗျူဟာနှင့်ကျွန်ုပ်တို့၏ထုတ်ကုန်တစ်ခုစီအတွက်ကျင့်သုံးသည့် နိယာမတစ်ခုပင်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါသလား

ကျွန်ုပ်တို့၏ဓာတ်ခွဲခန်းအသုံးပြုဆောင်ရွက်ခြင်းလုပ်ထုံးလုပ်နည်းများ

ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိကျွန်ုပ်တို့၏ကိုယ်ပိုင်ဓာတ်ခွဲခန်းများမှ ဝင်ရောက်လာသောကုန်ကြမ်းပစ္စည်းများကိုစစ်ဆေးပေးနေသလို ထွက်ရှိလာသောကုန်ချောများကိုလည်းအရည်အသွေးစံနှုန်းမြင့်မားမှုရှိမရှိနေ့စဉ်နှင့်အမျှစစ်ဆေးပေးလျက်ရှိနေပါသည်။နောက်ဆုံးပေါ်စက်အသစ်ကြီးများဖြင့် ခေတ်မီနည်းပညာများကိုအသုံးပြုလုပ်ကိုင်လျက်ရှိနေတဲ့အတွက် ကျွန်ုပ်တို့၏အစာအရည်အသွေးကိုအကောင်းဆုံးနှင့်အတည်ငြိမ်ဆုံးဖြစ်စေပါသည်။

ခွဲခြမ်းစိတ်ဖြာမှုရလဒ်များ၏ယုံကြည်စိတ်ချရမှုသေချာစေရန်၊ ကျွန်ုပ်တို့၏ဓာတ်ခွဲခန်းများသည် (External Ring Tests) များကဲ့သို့သော ထိန်းချုပ်မှုစနစ်များကို အသုံးပြုပါသည်။ နိုင်ငံတကာစံနှုန်းများနှင့် နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့သည် အရည်အသွေးထိန်းချုပ်မှုကို အမြင့်ဆုံးအဆင့်တွင်လည်းထိန်းသိမ်းထားရှိပါသည်။


ကျွန်ုပ်တို့၏ဖော်မြူလာများတွင် အချက်အလက်များ၏နှိုင်းယှဉ်မှုနှင့် အသုံးပြုမှုများကြောင့် De Heus ဓာတ်ခွဲခန်းအားလုံးတွင်ခွဲခြမ်းစိတ်ဖြာနည်းများသည်ဆင်တူပါသည်။ ရရှိနိုင်သောအသိပညာနှင့်အတွေ့အကြုံအားလုံးကို ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးရှိဓာတ်ခွဲခန်းများကြားတွင်လည်း အချင်းချင်းတက်ကြွစွာမျှဝေပါသည်။


ဖောက်သည်များ၏ထောက်ခံချက်များ။

ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။