ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ

ရေရှည်တည်တံ့ခိုင်မြဲသည့်အနာဂတ်ဆီသို့

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ

ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာထုတ်လုပ်မှုကို ကျွန်ုပ်တို့မည်ကဲ့သို့စဉ်ဆက်မပြတ်မြှင့်တင်နိုင်မည်နည်း။ World Resources Institute ၏ အဆိုအရ 2050 တွင် ဘေးကင်းပြီးကျန်းမာသော အစားအစာများ လုံလောက်စွာထုတ်လုပ်နိုင်စေရန် လိုအပ်နေသည့် ကြီးမားသော ကွာဟချက် သုံးခုကိုဖော်ပြထားပါသည်။

၂ဝ၁ဝ ခုနှစ်တွင် ထုတ်လုပ်သည့်အစားအစာပမာဏနှင့် ၂ဝ၅ဝ ခုနှစ်တွင်ဝယ်လိုအားပြည့်မီရန် လိုအပ်သောပမာဏအကြားကွာခြားချက်ကိုအစားအစာလိုအပ်မှုကွာခြားချက်ဟုခေါ်ဆိုပါသည်။ ၎င်းသည် ခန့်မှန်းခြေအားဖြင့် ၇၄ဝဝ ထရီလီယံကယ်လိုရီဖြစ်ပြီး ၎င်းသည် ၂ဝ၁ဝ ခုနှစ်တွင်ထုတ်လုပ်ခဲ့သောအစားအစာကယ်လိုရီများထက် ၅၆ ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းပင်ဖြစ်သည်။

၂ဝ၁ဝ ခုနှစ်တွင်တည်ရှိအသုံးပြုခဲ့သောကမ္ဘာ့စိုက်ပျိုးမြေဧရိယာနှင့် ၂ဝ၅ဝ ခုနှစ်တွင် လိုအပ်လာမည့်စိုက်မျိုးမြေဧရိယာအကြား ကွာခြားချက်၊ သီးနှံနှင့်စားကျက်အထွက်နှုန်းသည် ယခင်နှုန်းထားအတိုင်းဆက်လက်ကြီးထွားလာသည်ဟုယူဆနိုင်ပြီး ခန့်မှန်းခြေအားဖြင့် ဟက်တာ ၅၉၃ သန်းရှိပြီး အိန္ဒိယနိုင်ငံ၏ အကျယ်အဝန်း၏ နှစ်ဆနီးပါးရှိနေသည်ကိုလည်းအံသြဖွယ်တွေ့ရှိရပါသည်။

စိုက်ပျိုးရေးနှင့်မြေယာအသုံးပြုမှု အပြောင်းအလဲမှ ၂ဝ၅ဝ ခုနှစ်တွင် နှစ်စဉ်ထုတ်လွှတ်မည့် ကွာခြားချက်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် 15 ဂစ်ဂါတန်နှင့် ညီမျှမည်ဟု ပညာရှင်မားကခန့်မှန်းတွက်ချက်ထားကြပါသည်။

ကမ္ဘာလုံးဆိုင်ရာ ဒီဟက်စ်တည်ရှိမှု

နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင် အသား၊ ငါး၊ နို့ထွက်နှင့် ဉအမျိုးမျိုးတို့ကို ထုတ်လုပ်ကြသည့် သုံးစွဲသူများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက်ကို ထောက်ပံ့ပေးနိုင်ရန် ဒီဟက်စ်၏ထုတ်ကုန်များကို အသုံးပြုကြပါသည်။

ကျွန်ုပ်တို့၏နောက်ဆုံးရသတင်းများ

ဒေသတွင်းဆိုင်ရာ အကျိုးသက်ရောက်မှု

တစ်ကမ္ဘာလုံးဆိုင်ရာ ပမာဏအားဖြင့်ဆိုပါလျှင် ကျွန်ုပ်တို့ဆက်သွယ်ပေါင်းကူးရန်လိုအပ်သည့် ခြားနားချက်များသည် ကြီးမားပြီး ကျော်လွှားဖို့မဖြစ်နိုင်ဟု ထင်ရလေ့ရှိပါသည်။ သို့‌သော် ‌ဒေသတွင်းတွင် အမြင့်ဆုံး အကျိုးသက်ရောက်မှုများရှိနိုင်သည့် လုပ်ဆောင်ချက်များကို အာရုံစိုက်မည်ဆိုပါက ကျော်လွှားဖို့ရန်ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဒေသတွင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ယုံကြည်ပါသည်။ သို့ရာတွင် ဒီဟက်စ်၏ ကမ္ဘာလုံးဆိုင်ရာ တည်ရှိမှုသည် တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့ကို ဖြစ်ပေါ်လာစေပါသည်။

ထို့ကြောင့် ဒီဟက်စ်၏ ရေရှည်တည်တံမှုအစီအစဉ်များကို ကျွန်ုပ်တို့၏ စီးပွားရေးယူနစ်များတွင် ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်ထားပါသည်။

နေ့စဉ်နဲ့အမျှတိုးပွားလာနေသောကမ္ဘာ့လူဦးရေများအတွက်ဘေးကင်းပြီးကျန်းမာရေးနဲ့ညီညွတ်သောအစားအစာများကိုပိုမိုကောင်းမွန်စွာဖန်တီးပေးရန်နှင့်လက်လှမ်းမှီစေရန်အတွက်ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်ပေးလျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များအား၎င်းမွေးမြူထားသောတိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရန်နှင့်လုပ်ငန်းရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်စီမံခန့်ခွဲရန်လိုအပ်သောထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့်ကျွန်ုပ်တို့ကူညီထောက်ပံ့ပေးရန်အဆင်သင့်ရှိနေပါသည်။

ပိုမိုလေ့လာဖတ်ရှုရန်

Co en Koen de Heus

CEO