ယခုစစ်တမ်းက ဒီဟက်(စ်)ကို မည်ကဲ့သို့ပိုမိုတိုးတက်လာစေနိုင်ပါသလဲ...?

13 စက်တင်ဘာ 2024
-
15 minutes

a lady is shouting and smiling in the office by using her hands

၂၀၂၄ ခုနှစ်အစပိုင်းလောက်မှာ ဒီဟက်စ်အဖွဲ့အစည်းအနေနဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ လူ့အရင်းအမြစ်အဖွဲ့အစည်း၏ “လုပ်ငန်းခွင်ဆိုင်ရာ ဆန်းစစ်မှု” စစ်တမ်းတစ်ခုကိုကောက်ယူခဲ့ပါတယ်။ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ဒီဟက်စ်ရဲ့ ဝန်ထမ်းပေါင်း (၁၀၀၀၀) ခန်ု့က သူတို့အနေနှင့် ဒီဟက်စ်အဖွဲ့အစည်းမှာ လုပ်ကိုင်ရတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်းမှာ ဆက်ဆံလုပ်ကိုင်ရတဲ့ ခံစားချက်တွေကို စစ်တမ်းမှာဖြေဆိုပေးခဲ့ကြပါတယ်။  လူ့အရင်းအမြစ်အဖွဲ့အစည်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သည့် “Wichard Bieze” မှ စစ်တမ်းနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း သူ၏အမြင်ကို ပြောကြားခဲ့ပါသည်။

“ဒီဟက်စ်အဖွဲ့အစည်းတစ်ခုအနေနဲ့ အနာဂတ်ဦးတည်ချက်မှာ ဝန်ထမ်းတွေအပေါ် ဘယ်လိုမျိုး အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်သွားအောင် ဆောင်ရွက်ပေးနိုင်မလဲဆိုတာကို “လုပ်ငန်းခွင်ဆိုင်ရာ ဆန်းစစ်မှု”  စစ်တမ်းမှာ ဖြေဆိုပေးခဲ့ကြတဲ့ အဖြေရလာဒ်က ကူညီပေးပါတယ်” 

 

ကမ္ဘာလုံးဆိုင်ရာ လူ့အရင်းအမြစ်အဖွဲ့အစည်း၏ “လုပ်ငန်းခွင်ဆိုင်ရာ ဆန်းစစ်မှု” စစ်တမ်းကို ဘာကြောင့်ဖြေဆိုခိုင်းရတာလဲ။

“ဒီဟက်စ်လုပ်ငန်းသည် မိသားစုပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး အဲ့တာကပဲ ဒီဟက်စ်အတွက် လုပ်ငန်းတစ်ခုအနေနဲ့ ခိုင်မာတောင့်တင်းအောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာက နည်းလမ်းများစွာရှိနှင့်ပြီး ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းတွေကို မျှဝေဖို့အတွက်ဆိုရင် တစ်ချိန်တည်းမှာပဲ ကျွန်ုပ်တို့အနီးမှာရှိသည့် တစ်ဦးစီတိုင်းကို ရုံးခန်းနှင့် အွန်လိုင်းက တရားဝင်မျှဝေပေးနိုင်သလို၊ လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်တွေအပြင် တစ်ဦးတစ်ယောက်စီ၏ တုံ့ပြန်ချက်အဖြေတွေကို မျက်နှာချင်းတွေ့ဆုံပြီး ဆွေးနွေးအကြံပြုနိုင်ကြပါတယ်။ 

ဒီလိုဆောင်ရွက်လိုက်တာကြောင့် စီမံခန့်ခွဲသူတွေအနေနဲ့ လွယ်ကူချောမွေ့စွာ ဦးဆောင်နိုင်မှာဖြစ်ပြီး လုပ်ငန်းခွင်တစ်ခုအနေနှင့်လည်း ရေရှည်လည်ပတ်ဖို့အတွက် အသက်သွေးကြောတစ်ခုပဲဖြစ်ပါတယ်။ အဆိုပါဆောင်ရွက်ချက်တွေကို နိုင်ငံအနှံ့အပြားကို မျှဝေဖို့အတွက်ကျတော့ မဖြစ်နိုင်တဲ့ အတိုင်းအတာတစ်ခုရှိလာပါတယ်။ မိသားစုပိုင်လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် နိုင်ငံအနှံ့အပြားကလူတိုင်းနဲ့ ထိတွေ့နိုင်ဖို့ ခက်ခဲတာကြောင့် နိုင်ငံအနှံ့မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ အကြံပြုချက်တွေ၊ တုံ့ပြန်ချက်‌တွေနဲ့ ဝန်ထမ်းတွေရဲ့အသံကို ကြားနိုင်ဖို့အတွက် စနစ်တကျရရှိစေဖို့ အဆိုပါစစ်တမ်းများနှင့် နည်းပညာများကို ပိုမိုအသုံးပြုလာခဲ့တာပဲဖြစ်ပါတယ်။”


ဒီဟက်စ်ရဲ့ အလုပ်သမားအင်အားက ကမ္ဘာအနှံ့အပြားမှာရှိတဲ့အတွက် စစ်တမ်းကောက်ယူမှုရလာဒ်တွေ သေချာစေဖို့ ဘယ်လိုစံနှုန်းတွေကို သတ်မှတ်ထားသလဲ?

“မိသားစုလုပ်ငန်းတစ်ခုအဖြစ် ဝန်ထမ်းအားလုံးကို ထည့်သွင်းချင်ပါတယ်။ ဒါကြောင့်ငါတို့ရဲ့ ဆုံးဖြတ်ချက်အားလုံကို ဝန်ထမ်းအဖွဲ့အစည်း အားလုံးကို သိရှိစေချင်တဲ့ဆန္ဒရှိသည့်အတွက် သေချာအောင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်လိုက်ခြင်းကြောင့် ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး အကျုံးဝင်လာတဲ့အရာတွေက ကဏ္ဋတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ မေးခွန်းတစ်စုံလုံးက “ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာ ခံစားနေရတာတွေအတွက် ဒီဟက်စ်အဖွဲ့အစည်းအနေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ပေးနေတယ်”ဆိုတာကိုပါ အကျုံးဝင်ခဲ့ပါတယ်။

သူတို့မှာ ဘာပြဿနာတွေရှိနေလဲ? ကုမ္ပဏီနဲ့ပတ်သက်ပြီး သူတို့ ကျင်းပနေတဲ့ အရာတွေက ဘာတွေလဲ? လုပ်ငန်းခွင်အတွင်းမှာ သူတို့ရဲ့ အထောက်အပံ့၊ စွမ်းဆောင်းရည်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရသလဲ? ဒီအထူးပြုစစ်တမ်းမှာ ဒီဟက်စ်ရဲ့သင်ကြားရေးအဖွဲ့အစည်းနဲ့ ပတ်သက်ပြီး နောက်ထပ်မေးခွန်းတစ်စုံကိုလည်း အလွန့်အလွန်သွက်လက်စွာ စီးဆင်းနေတဲ့ စီးပွားရေးလမ်းကြောင်းနဲ့အညီ လိုက်လျောညီထွေမှုရှိအောင် သတ်မှတ်ထားပါသလား? လုပ်ငန်းခွင်မှဦ လိုအပ်တဲ့ သီလသမာဓိနှင့် လိုက်နာမှုဆိုင်ရာ မေးခွန်းအစုတစ်စုလည်း ပါဝင်ပြီး အဲ့တာကတော့“စစ်တမ်းအပေါ် တုံ့ပြန်ချက်နဲ့ရလာဒ်‌ပေးဖို့အတွက် ဘယ်လောက်ပွင့်လင်းလဲ” ဆိုတာပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖို့အတွက် အဆင်ပြေတယ်လို့ထင်ပါသလား? ဖော်ပြပါ အကြောင်းအရာတွေအားလုံးက ဒီဟက်စ်လုပ်ငန်းစုတစ်စုအနေနဲ့ ယနေ့ထိတိုင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ်ကျကျ ရပ်တည်နေခြင်းအတွက် ကူညီပေးတဲ့အရာတွေပဲဖြစ်ပါတယ်။

 

ဒီစစ်တမ်းကောက်ယူနဲ့ ပတ်သက်ပြီး ဘယ်လိုစိန်ခေါ်မှုတွေ ရှိခဲ့သလဲ?

ဒီဟက်စ်လုပ်ငန်းစုက ကမ္ဘာ့လုပ်ငန်းစုတစ်ခုအဖြစ် ကြီးမားသကဲ့သို့၊ အဲ့ဒီလိုကြီးမားမှုကပဲ စိန်ခေါ်မှုတစ်ခုဖြစ်နေရခြင်း အကြောင်းအရင်းပါပဲ။ ဝန်ထမ်းပေါင်း “၁၀၀၀၀”တွေဆီကို စစ်တမ်းနဲ့ပတ်သက်ပြီး ပြောဖို့အတွက် မလွယ်ကူပါဘူး။ ဒါကြောင့်စစ်တမ်းနဲ့ပတ်သက်ပြီး နည်းပညာနဲ့ လုပ်ငန်းစဥ်တွေကို သေချာလေးစီစဥ်ရပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ဝန်ထမ်းအဖွဲ့အစည်းအားလုံးကို ပါဝင်စေချင်ပေမဲ့ ဝန်ထမ်းအများစုမှာ အထူးသဖြင့်ထုတ်လုပ်ရေးပိုင်းမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေမှာ  ကုမ္ပဏီ၏အခြေခံဆက်သွယ်မှုတစ်ခုအဖြစ် ဖွဲ့စည်းထားတဲ့အီးမေး(လ်) မရှိကြပါဘူး။

ဒါကြောင့် အွန်လိုင်းစစ်တမ်းအပြင် စာရွက်စာတမ်းနဲ့ ဖြေဆိုရတဲ့စစ်တမ်းတစ်ခုကိုလည်း စီစဥ်ခဲ့ရပါတယ်။  စစ်တမ်းန့ပတ်သက်ပြီး နောက်ထပ်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုကတော့ ထိရောက်တဲ့ နောက်ဆက်တွဲတွေရှိဖို့ပါပဲ။ ဒီစစ်တမ်းအတွက် အီးမေးလ်စာစောင်တွေ လွှတ်လိုက်တာက လွယ်ကူပေမဲ့ အဲ့တာနဲ့တင်မပြီးသေးပါဘူး။
ငါတို့အနေနဲ့ အရင်နည်းလမ်းဟောင်းအကြောင်းတွေကိုလည်း ဆွေးနွေးရပါသေးတယ်။ အခန်းတစ်ခန်းထဲမှာ ငါတို့အတူစုရုံးပြီး ဒေတာရဲ့ရလာဒ်တွေက ဘာကိုဆိုလိုတာလဲ၊ ဘယ်အရာတွေကို ပိုမိုပြီးကောင်းမွန်အောင် ဘယ်ပုံဘယ်နည်းနဲ့ အတူတူလုပ်ဆောင်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။ တကယ့်ကို စေ့စပ်တဲ့ ဆွေးနွေးရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီဟက်စ်လုပ်ငန်းစုမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအများအပြားအနေနဲ့ အလုပ်လုပ်ကိုင်ရတာနဲ့ ပတ်သက်ပြီး ဂုဏ်ယူကြတဲ့အပြင် ဒီဟက်စ်မှထွက်ခွာပြီး အခြားလုပ်ငန်းစုတစ်ခုကို ပြောင်းဖို့ဆန္ဒမရှိကြပါဘူး။ ငါတို့ရဲ့ Net Promoter ရမှတ်မှာလည်း အလွန်မြင့်မားပါတယ်။ ဒီဟက်စ်ရဲ့ ဝန်ထမ်းတွေအားလုံးက သူတို့ရဲ့အလုပ်အတွက် မှန်ကန်တဲ့အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အမြဲနားထောင် ခံစားပေးဖို့ ရှိနေကြပါတယ်။

Wichard Bieze

Group Director Human Resources, Netherlands

“စစ်တမ်းကို တုံ့ပြန်ဖြေဆိုနှုန်း ဘယ်လောက်ရှိသလဲ။”

စစ်တမ်းကို တုံ့ပြန်ဖြေဆိုနှုန်းက (၈၈.၈) ရာခိုင်နှုန်းရှိပါတယ်။ ယမန်နှစ်တွေက စစ်တမ်းတွေထက် များပြားတဲ့ပမာဏပဲ ဖြစ်ပါတယ်။ ငါ့အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ လုပ်ငန်းကုမ္ပဏီတွေနဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒီလောက်များပြားတဲ့ တုန့်ပြန်မှုပမာဏမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့် အဲ့တာနဲ့ပတ်သက်ပြီး ဒီဟက်စ်ရဲ့ ဝန်ထမ်းအားလုံးက သူတို့ရဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို တန်ဖိုးထားတယ်ဆိုတာကို ပြသတယ်လို့ ငါထင်ပါတယ်။

 

စစ်တမ်းမှာ အထင်ရှားဆုံးသတိပြုမိခဲ့တဲ့အရာက ဘာတွေလဲ? 

စစ်တမ်းရဲ့ တုံ့ပြန်ဖြေဆိုနှုန်းအပြင် မတူညီတဲ့ကန့်သတ်ထားတဲ့ ဘောင်ထဲမှာရရှိတဲ့ အမှတ်တွေကလည်း အလွန်ကိုမြင့်မားပါတယ်။ ငါပြောခဲ့သလိုပဲ ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ဒီဟက်စ်လုပ်ငန်းစုမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအများအပြားက  အလုပ်လုပ်ကိုင်ရတာနဲ့ ပတ်သက်ပြီး ဂုဏ်ယူကြတဲ့အပြင် ဒီဟက်စ်မှထွက်ခွာပြီး အခြားလုပ်ငန်းစုတစ်ခုကို ပြောင်းဖို့ဆန္ဒမရှိကြပါဘူး။

ငါတို့ရဲ့  Net Promoter ရမှတ်မှာလည်း အလွန်မြင့်မားပါတယ်။ ဒီဟက်စ်ရဲ့ ဝန်ထမ်းတွေအားလုံးက သူတို့ရဲ့အလုပ်အတွက် မှန်ကန်တဲ့အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အမြဲနားထောင် ခံစားပေးဖို့ ရှိနေကြပါတယ်။ ဒီဟက်စ်လုပ်ငန်းစုရဲ့ အောင်မြင်မှုအတွက် မတူညီတဲ့စီးပွားရေးကြောင်းတွေကို ချမှတ်နိုင်ပြီး တစ်ခုခုကမှားယွင်းနေတဲ့အခါ သူတို့အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ရှိတယ်ဆိုတာကို သူတို့အနေနဲ့ခံစားရပါတယ်။ ဝန်ထမ်းများအနေနဲ့ သူတို့အားစိုက်လုပ်ဆောင်သမျှတိုင်းအတွက် မျှတတဲ့ခံစားခွင့်တွေကို ရရှိကြပါတယ်။ ဒါဟာလုံးဝကို အပြုသဘောဆောင်တဲ့ အကျိုးရလာဒ်ကောင်းတွေပါပဲ။ ဝန်ထမ်းတွေအားလုံးက ကျွန်တော်တို့ရဲ့ မဟာဗျူဟာနဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ သူတို့ရဲ့ အခန်းကဏ္ဍကို နားလည်တာကြောင့်လို့ ကျွန်တော်ထင်ပါတယ်။

 

a picture shows result data in infographic way

 

ရလဒ်တွေအားလုံးက နိုင်ငံအနှံ့မှာရှိတဲ့ ဒီဟက်စ်လုပ်ငန်းစုတွေမှာ ထူးထူးခြားခြား ခြားနားမှုတွေ ရှိခဲ့သလား...?

နေရာဒေသပေါ်မူတည်ပြီး ကွဲပြားမှုတွေ ရှိပေမဲ့လည်း အနည်းငယ်ပဲရှိပါတယ်။ အာရှနှင့် လက်တင်အမေရိကတို့မှာ စစ်တမ်းနဲ့ပတ်သက်ပြီး တုံ့ပြန်မှုနှုန်းတွေက တသမတ်တည်း မြင့်မားနေပေမဲ့ ဥရောပမှာရှိတဲ့ တုံ့ပြန်မှုနှုန်းတွေက အနည်းငယ် နည်းနေပါသေးတယ်။ ဒါကိုကြည့်ခြင်းဖြင့် အာရှနှင့် လက်တင်အမေရိကမှာရှိတဲ့ ဝန်ထမ်းများကက စစ်တမ်းမှာပါဝင်ဖို့အတွက် ပိုမိုစိတ်အားထက်သန်ကြောင်း တွေ့ရပေမဲ့ ဥရောပမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ စစ်တမ်းမှာပါ၀င်ဖို့အတွက် လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး စနစ်တကျ ပြန်လည်ပြီး အနည်းငယ်ထိန်းချုပ်တည်ဆောက်ထားကြောင်းကို ပြသနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးကို အကဲဖြတ်ဖို့အတွက်က ခက်ခဲပါတယ်။ ဒါကြောင့် ရလဒ်တွေနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ ဆွေးနွေးဖို့ လိုအပ်ပါတယ်။


ကျွန်ုပ်တို့နဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ စက်မှုလုပ်ငန်းစံနှုန်းများနှင့် ကမ္ဘာ့စံချိန်စံညွှန်းများကို နှိုင်းယှဥ်ရင် ဘယ်လိုခြားနားမှုတွေရှိနေသလဲ...?

ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး အလုပ်အပေါ်ထားတဲ့ စိတ်အားထက်သန်မှုတွေက ကျွန်တော်တို့ရဲ့ စက်မှုလုပ်ငန်းစံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သာလွန်နေပြီဆိုတာကို ကိန်းဂဏန်းတွေအရ သိသာထင်ရှားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မှတ်သားထားသလောက်အရ နောက်ဆုံးရရှိထားတဲ့ “လုပ်ငန်းခွင်ဆိုင်ရာ ဆန်းစစ်မှုစစ်တမ်း” နှင့် ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်များက တူညီနေတာမဟုတ်ရင်တောင် မြင့်မားနေပါတယ်။ ဒါကြောင့် ဒီဟက်စ်လုပ်ငန်း တစ်ခုလုံးက ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်နေပါတယ်ဟု ကောက်ချက်ချလိုက်ရပါတယ်။”

 

World-class Workplace

၂ဝ၂၄-၂ဝ၂၅ ခုနှစ်အတွက် ကမ္ဘာ့အဆင့်မီလုပ်ငန်းခွင်တစ်ခုအဖြစ်သတ်မှတ်ခြင်းခံရတဲ့အတွက်လွန်စွာဂုဏ်ယူမိပါသည်။ ဒီဟက်(စ်)ဟာဝန်ထမ်းတွေကိုနားလည်ပြီးဝန်ထမ်းတွေနဲ့တသားတည်းရှိနေပါသည်။

Discover Our History

အဆိုပါစစ်တမ်းက ဒီဟက်စ်အဖွဲ့အစည်းကို  အလုပ်ရှင်တစ်ဦးအနေဖြင့် လိုအပ်နေတဲ့ ကဏ္ဍများကို လုပ်ဆောင်နိုင်ဖို့အတွက် ရှင်းလင်းစွာ ပြသခဲ့ပါသလား...?

အဆင့်သတ်မှတ်ချက်တွေမှာ ကွာခြားချက်တွေ ရှိနေပေမဲ့ နည်းတဲ့အပိုင်းကိုပဲ မြင်တတ်တာကတော့ လူ့သဘာဝပဲဖြစ်တယ်။ အဲ့တာနဲ့ပတ်သက်ပြီး ထင်ရှားသည့် နယ်ပယ်သုံးခု ရှိပါသည်။ ပထမတစ်ခုက အလုပ်တာဝန်တွေပဲဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုတွေက တိုးတက်လာပေမဲ့ ဝန်ထမ်းအများစုက သူတို့လုပ်နေရတဲ့ အလုပ်တာဝန်များနဲ့ ပတ်သက်ပြီး ကြီးမာတဲ့တာဝန်ဝတ္တရားကို ဆောင်ရွက်နေသကဲ့ ခံစားကာလုပ်ဆောင်နေကြပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဒီဟက်စ်မှ ဝန်ထမ်းတွေအနေနဲ့ သူတို့လုပ်နိုင်တဲ့အရာတွေထက် သာလွန်ပြီး လုပ်ဆောင်လိုသည့် ဆန္ဒရှိကြောင်းကို ပြသနေပါတယ်။ တစ်နေ့နဲ့တစ်နေ့ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့အညီ လုပ်ဆောင်ရတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝန်ထမ်းတွေရဲ့ နေ့စဥ်လုပ်ငန်းခွင်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာနေစေရန်အတွက် ဒီဟက်စ်အဖွဲ့စည်းအနေနဲ့ စောင့်ကြည့်ရမည်မှာ တာဝန်တစ်ခုပဲ ဖြစ်ပါသည်။

ဒုတိယတစ်ခုကတော့ ဒီဟက်စ်လုပ်ငန်းခွင်တွင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိဖို့နှင့် သင်ကြားရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းတစ်ခုရရှိစေနိုင်ရန်အတွက် ဖြစ်ပါသည်။  ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ မေးခွန်းများစွာ ရှိလာပါတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ အမှားများနှင့် ကျရှုံးမှုများ ရှိခဲ့လျှင် စိတ်သက်သာစွာဖြင့် ထုတ်ဖော်မျှဝေခွင့် ရှိသလား? သူ၏အကြံပြုချက်များနှင့် ပတ်သက်ပြီး သူ၏မန်နေဂျာက ဂရုတစိုက် နားထောင်သည်ဟု ခံစားရပါသလား? ပြင်ပမှ အကြံဉာဏ်များကိုလည်း သူ့အနေနဲ့ လက်ခံနိုင်ပါသလား? အထက်ပါ မေးခန်းတွေနဲ့ ပတ်သက်ပြီး စစ်တမ်းရဲ့ အဖြေရလဒ်တွေက အတော်လေး မြင့်ပေမဲ့လည်း အခြားကဏ္ဍများနှင့်ယှဉ်လျှင် နည်းနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကို စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။ ပြောင်းလဲနေသည့်ကမ္ဘာကြီးနှင့် စီးပွားရေးပတ်ဝန်းကျင်အပေါ်  လိုက်လျောညီထွေမှုရှိရန် ပြန်လည်ဆန်းစစ်ထားသည့် သင်ကြားရေးအဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနိုင်အောင် လုပ်ဆောင်ရမည်မှာ ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာဗျူဟာအချက်ပဲ ဖြစ်ပါတယ်။

တတိယတစ်ခု၏ရမှတ်များက အနည်းငယ်နည်းသည့်နေရာမှာ ရှိနေသည့် လုပ်ငန်းစဉ်ဆောင်ရွက်ချက်များပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန်အတွက် အနာဂတ်မှာ တိုးတက်စေရန် ကျွန်ုပ်တို့၏ ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲနေသောကြောင့် ပြင်ဆင်မှုများ လိုအပ်ပါသည်။

 

စစ်တမ်းရလဒ်တွေကို တုံ့ပြန်ဖို့အတွက် ဘယ်လိုမျိုး တိကျသည့်အချက်တွေကို လုပ်ဆောင်နေသလဲ...?

ကမ္ဘာ့လူ့အရင်းအမြစ်အဖွဲ့အစည်း၏ “လုပ်ငန်းခွင်းဆိုင်ရာ ဆန်းစစ်မှု” အတွက် ပရောဂျက်အဖွဲ့တစ်ဖွဲ့ ထားရှိပြီး လုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိပါတယ်။ ပထမအဆင့်မှာ စစ်တမ်းနှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားဖွယ်ရာ အစီစဉ်တစ်ခု ဖန်တီးဖို့ပဲဖြစ်ပါသည်။ ဒုတိယအဆင့်ကတော့ စစ်တမ်းကို ကိုယ်တိုင်လုပ်ဆောင်ဖို့အတွက် ဖြစ်သည်။ တတိယအဆင့်အနေနဲ့ ရလဒ်များအားလုံးကို တစ်ကမ္ဘာလုံးသို့ မျှဝေနိုင်ဖို့ဖြစ်ပါတယ်။ ရလဒ်များအားလုံးကို ဘယ်လိုမျိုးကိုင်တွယ် ဖြေရှင်းရမလဲဆိုတာကို မန်နေဂျာများအားလုံးကို သေချာလေ့ကျင့်ပေးထားပြီး လက်အောက်ငယ်သားဝန်ထမ်းများနဲ့လည်း ဆက်သွယ်ညွှန်ကြားပေးထားပါတယ်။ နောက်ဆုံးအဆင့်ကတော့ ရလဒ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်။

 

လူ့စွမ်းအားအရင်းအနှီး စီမံခန့်ခွဲမှုနှင့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းခွင်အဆင့်အတန်းကို တည်ဆောက်ရန် ရည်ရွယ်သည့် အနာဂတ် စီမံကိန်းများ ရှိပါသလား...?

စစ်တမ်း၏ရလဒ်များနှင့် ပတ်သက်ပြီး ဖန်တီးမှုဆောင်ရွက်မှုအမျိုးမျိုးကို ကျွန်တော်တို့ စတင်လုပ်ဆောင်ခဲ့ပါသည်။ HR အတွက် စိန်ခေါ်မှုမှာ ဒီဟက်စ်အဖွဲ့အစည်းရှိ ဝန်ထမ်းများအားလုံး ဖွံ့ဖြိုးတိုးတက်စေရန်၊ စွန့်စားမှုများကို ရင်ဆိုင်ရန်၊ အမှားအမျိုးမျိုးမှ သင်ခန်းစာယူကာ ဒီဟက်စ် ကို ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ကုမ္ပဏီနှင့်အတူ ကြီးပွားတိုးတက်အောင် လုပ်ဆောင်ဖို့ပဲဖြစ်ပါသည်။ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် အရေးကြီးတာဖြစ်သည့်အတွက် HR ၏ နည်းဗျူဟာများအားလုံးသည် ဝန်ထမ်းများ၏ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကရည်ရွယ်ပါသည်။

ဒီဟက်စ်လုပ်ငန်းစုအနေနှင့် ဝန်ထမ်းတွေဆောင်ရွက်ရသည့် လုပ်ငန်းနယ်ပယ်ကို အမှန်တကယ်သိရှိပြီး မိမိတို့ရဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်နဲ့ပတ်က်ပြီး နားလည်တတ်ကျွမ်းသည့် အထူးကျွမ်းကျင်သူပညာရှင်များ ရှိသည့်အချက်မှာ လုပ်ငန်းစုရဲ့ အားသာချက်ကို ရရှိစေရန် တည်ထောင်ထားသည့် ဗျူဟာမြောက်သော အချက်ပဲဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ဝန်ထမ်းအများစုကလည်း လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေသည့် စွမ်းဆောင်ရည်တွေ တိုးပွားလာစေဖို့အတွက် မိမိ၏အသိပညာနှင့် ကျွမ်းကျင်မှုများကို မည်သည့်နေရာတွင် မည်သို့ အသုံးပြုရမည်ကို အမြဲမသိကြပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းများနဲ့ ချိတ်ဆက်ပေးပြီး ပွင့်လင်းမြင်သာမှုတစ်ခုကို ဖန်တီးပေးမည့် ကမ္ဘာလုံးဆိုင်ရာ HR ပလပ်ဖောင်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်စေရန် သိသာထင်ရှားသည့် ရင်းနှီးမြုပ်နှံများကို ဆောင်ရွက်နေပါသည်။ အဲ့ကနေမှတဆင့် ကုမ္ပဏီအတွင်းရှိ လုပ်ဆောင်ချက်များ အားလုံးကို စာရင်းပြုစုပြီး ဝန်ထမ်းများအနေနှင့်လည်း ထိုကျွမ်းကျင်မှုအားလုံးကို ရယူနိုင်စေမည်ဖြစ်သည်။ အဆိုပါဆောင်ရွက်ချက်များကြောင့် ဝန်ထမ်းများအနေနှင့်လည်း ကမ္ဘာ့အဖွဲ့အစည်းအတွင်း အလုပ်အကိုင်နိုင်ဖို့ အခွင့်အလမ်းသစ်များကိုလည်း ရှာဖွေနိုင်စေမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဝန်ထမ်းအနေနှင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် မတူညီသော ကျွမ်းကျင်သူတစ်ဦးအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေမှာပဲ ဖြစ်ပါသည်။ ဤနည်းအားဖြင့်၊ ကျွန်တော်တို့အနေနဲ့ ဒီဟက်စ်တွင် ဝန်ထမ်းများ ရေရှည်နေချင်အောင် ဖန်တီးနိုင်ရုံသာမက၊ ကုမ္ပဏီအတွင်း၌ရှိသော အသိပညာနှင့် အရည်အချင်းများကို အသုံးချကာ သင်ယူမှု အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ကြီးထွားနိုင်မှာဖြစ်ပါတယ်။

 

ကျွန်တော်တို့၏ လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် ကမ္ဘာ့အဆင့်မီ အလုပ်ခွင်အဖြစ် အသိအမှတ်ပြုထားသည့် အခြားအဖွဲ့အစည်းများနှင့် နှိုင်းယှဥ်လျှင် ဘယ်လိုအရာတွေက ကွာခြားမှုတွေရှိသလဲ...?

ကျွန်တော့်အနေနဲ့ အကျိုးခံစားခွင့်အဖြစ် ကုမ္ပဏီမှကားရပိုင်ခွင့် ပေးထားသည်ကိုပဲ ဦးစားပေးတဲ့ လူတွေတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့်အတွေးမမှားပါနဲ့။ လစာကောင်းကောင်းနဲ့ အကျိုးခံစားခွင့်တွေပေးဖို့ကလည်း အရေးကြီးပါတယ်၊ ဒါပေမယ့် ဒီဟက်စ် ရဲ့ ထူးခြားချက်ကတော့ မိသားစုပုံစံ ယဉ်ကျေးမှုတစ်ခုဖြစ်နေတာလို့ ထင်ပါတယ်။ ဒီဟက်စ်မှဝန်ထမ်းများအားလုံးက အဖွဲ့အစည်းတစ်ခု ဖြစ်တာကြောင့် မတူညီသည့်နည်းလမ်းများဖြင့် ပါဝင်လုပ်ဆောင်နေကြပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့အလုပ်မှာ ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးမြုပ်နှံပြီး သူတို့လုပ်တဲ့အရာအတွက် ဂုဏ်ယူမှုနဲ့ ပိုင်ဆိုင်မှုတွေလည်း အများကြီးရှိပါတယ်။


အနာဂတ်မှာ ဘယ်လိုတိုးတက်မှုတွေကို ကြိုမြင်ထားလဲ...?

မကြာခင်မှာ ကမ္ဘာလုံးဆိုင်ရာ HR ပလပ်ဖောင်းအသစ်တစ်ခုကို အကောင်အထည်ဖော်သွားမှာပါ။ ပြီးမြောက်ဖို့အတွက်က နှစ်အနည်းငယ်ကြာနိုင်ပေမဲ့ ဒီပလက်ဖောင်းအသစ်ဖြစ်လာခြင်းကြောင့် အဆိုပါနည်းပညာက ကျွန်တော်တို့နဲ့ ဝန်ထမ်းတွေအတွက် ပိုမိုအာရုံစိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် အကြီးတန်းမန်နေဂျာများ ဒါမှမဟုတ်ရင် လုပ်ဖော်ကိုင်ဖက်များ ကဲ့သို့သော သီးခြားအုပ်စုများကို ပစ်မှတ်ထားဖို့ ပိုမိုလွယ်ကူပါလိမ့်မယ်။ ဒါကြောင့် နည်းနည်းပဲ ကြိုမြင်တယ်ဆိုရင်တောင် စစ်တမ်းတွေကို မကြာခဏ ပိုပြီးပြုလုပ်ပေးရပါမယ်။ ဒါမှလည်း ဝန်ထမ်းတွေတွေရဲ့ စကားကို လွယ်လွယ်ကူကူ နားထောင်နိုင်ဖို့ အထောက်အကူများ ရရှိလာပါလိမ့်မည်။

ဒီဟက်(စ်)မြန်မာ၏အကြောင်းကိုပိုမိုသိရှိချင်ပါသလား