ဝက်မကြီးအစာများ
ကျန်းမာရေးကောင်းမွန်သော ဝက်မကြီးများသည်သာ ကျန်းမာပြီး ကြီးထွားနှုန်း ကောင်းမွန်သော ဝက်ကလေးများကိုမွေးဖွားပေးနိုင်ပါသည်။ ထိုသို့ ကောင်းမွန်သောအကျိုးကျေးဇူးများရရှိနိုင်ရန်အတွက် မိမိခြံရဲ့ ရည်မှန်းချက်ပန်းတိုင် (Goal) နှင့် ဝက်မကြီးများရဲ့လိုအပ်ချက်များကို ကောင်းကောင်းသိထား ရန်လည်းလိုအပ်ပါသည်။ မိတ်ဆွေတို့ခြံမှာရှိတဲ့ ဝက်မကြီးများနှင့် ခြံရဲ့လိုအပ်ချက်များ ကို အသေးစိတ်လေ့လာပြီးနောက် ကျွန်ုပ်တို့မှ အကောင်းဆုံးအကြံဉာဏ်များပေးကာ ခြံရဲ့ရလဒ်များတိုးတက်လာအောင်အတူတကွ ကြိုးစားသွားမှပဲဖြစ်ပါသည်။
အကောင်းဆုံးမွေးမြူရေးအစာနှင့်အဆင့်မြင့်ကူညီထောက်ပံ့မှုများပေါင်းစပ်ခြင်း
ဝက်မွေးမြူရေးဆိုင်ရာကျွန်ုပ်တို့၏ဝန်ဆောင်မှုများ
ခြံတစ်ခုချင်းစီ၏လက်ရှိအခြေနေခြင်းမတူညီသလို သူတို့မျှော်မှန်းထားသောရည်မှန်းချက်ပန်းတိုင်တွေဟာလည်းမတူညီကြပါဘူး။ ထို့ကြောင့် တစ်မျိုး ၏တည်းသောအဖြေဟာ ခြံတိုင်းကိုအမြင့်မားဆုံးရလဒ်ရရှိစေရန်အတွက် အံဝင်ခွင်ကျကိုက်ညီနေမှာမဟုတ်ပါဘူး။
ထို့ကြောင့် တစ်ခြံချင်းဆီကို အကဲဖြတ် အကြံဉာဏ်ပေးနိုင်ရန်အတွက် မိမိခြံရှိဝက်မများရဲ့ ခန္ဓာကိုယ်အနေအထား (BCS) ကို တိုင်းတာရန်လိုအပ်ပါသည်။ မိမိခြံရှိဝက်မများရဲ့ အာဟာရ လိုအပ်ချက်သည် ဝက်မများရဲ့ ခန္ဓာကိုယ်အနေအထားနှင့် မျှော်မှန်းထားသော စွမ်းဆောင်ရည်ပေါ်မူတည်နေသည်။ ဝက်မများရဲ့ခန္ဓာကိုယ်အနေအထား၊ အစာစားနှုန်းနှင့်မျှော်မှန်းထားသောစွမ်းဆောင်ရည် စသည့်အချက်များပေါ် မူတည်ပြီး ခြံတစ်ခုချင်းဆီကိုအမြင့်ဆုံးရလဒ်ရရန် ကိုင်တွယ် ဖြေရှင်းနိုင်မှာလည်းပဲဖြစ်ပါသည်။
အစာနှင့်ဝန်ဆောင်မှုများ
ဝက်မကြီးများအတွက်အစာနှင့်ဝန်ဆောင်မှုများ
၀က်မွေးမြူရေးလုပ်ငန်းရှင်များသည် အကောင်းဆုံးနည်းပညာဆိုင်ရာရလဒ်များရရှိနိုင်စေရန်သာမက စီးပွားရေးရလဒ်ကောင်းများပါ ရရှိနိုင်ရန်အထူးအာရုံစိုက်ကြရသည်။ ထိုရလဒ်ကောင်းများရရှိနိုင်ရန်အတွက် အစာ၊ အဆောက်အဦးပုံစံနှင့် တိရစ္ဆာန်များသက်တောင့်သက်သာဖြစ်စေရန် ပြုစုစောင့်ရှောက်ခြင်းသည်လည်းအရေးပါပါသည်။
မိတ်ဆွေတို့ရဲ့ဝက်မွေးမြူရေးတိုးတက်စေရန်ခေတ်မီတိုင်းတာရေးစက်ပစ္စည်းများ အသုံးပြုခြင်း၊ ဆောဖ်ဝဲလ်များ ထောက်ပံ့ပေးခြင်းနှင့် ပညာရှင်များမှအကြံပေးခြင်း စသည့်အထောက်အပံ့များရရှိနိုင်သောကြောင့်အကောင်းဆုံး နည်းပညာဆိုင်ရာရလဒ်များ ရရှိလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
သင်၏အခက်အခဲများကိုကျွန်ုပ်တို့ကူညီပေးရန်လိုအပ်ပါသလား