
ကြက်စာ၊ ဘဲစာနှင့်ငုံးစာများ။
အသားတိုးကြက်စာ၊ ဥစားကြက်စာနှင့်ငုံးမွေးမြူရေးအစာများ။
တိရစ္ဆာန်များကျန်းမာစေရန်နှင့်ထုတ်ကုန်တိုးတက်စေရန်အတွက်ကူညီထောက်ပံ့ပေးခြင်း။
မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့်သင်သည်အကောင်းဆုံးနည်းပညာဆိုင်ရာထောက်ပံ့မှုများနှင့်စီးပွားရေးဆိုင်ရာအမြတ်အစွန်းများစွာရရှိရန်ရည်ရွယ်ပါလိမ့်မည်။ ဒါ့အပြင် အစာကျွေးစနစ်၊ မွေးမြူရေးခြံတည်ဆောက်ခြင်းဆိုင်ရာများနှင့်မွေးမြူရေးတိရစ္ဆာန်များ၏ရှင်သန်ရပ်တည်နိုင်ရေးတို့လည်းထပ်မံလိုအပ်မှာဖြစ်ပြီးအဲ့ဒီအချက်များအတွက်အဖော်မွန်ကောင်းတစ်ဦးလည်းသင်မလွဲမသေလိုအပ်မှာပဲဖြစ်ပါသည်။ ကျွန်ုပ်တို့ de heus myanmar (ဒီဟက်(စ်)မြန်မာ) အနေဖြင့် မျိုးခြံ (Parent Stock Farm) များအပါအဝင်မြောက်များစွာသောကြက်မွေးမြူရေးခြံများကိုဝန်ဆောင်မှုပေးလျက်ရှိတာကြောင့် သင့်အတွက်အကောင်းဆုံးသောအကျိုးရလဒ်များကို အာမခံနိုင်ပါသည်။
ကျွန်ုပ်တို့သည်ဥရောပနှင့်အာရှတွင် ကျွန်ုပ်တို့၏ကိုယ်ပိုင် R&D (သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု)အဆောက်အအုံများရှိ ခေတ်မီသုတေသနလုပ်ဆောင်ချက်များ၊ အသိပညာနှင့်ဗဟုသုတအသစ်များကို မတူညီသောအခြေအနေတိုင်းတွင် မျိုးရိုးဗီဇအားလုံးအတွက် အကောင်းဆုံးအာဟာရ၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို သင့်အား ပေးဆောင်ရန် ရည်ရွယ်ချက်ဖြင့် တက်ကြွစွာဖြင့်လုပ်ကိုင်မှတ်တမ်းတင်လျက်ရှိပါသည်။
မွေးမြူထားသောတိရစ္ဆာန်များ၏ကျန်းမာရေးကောင်းမွန်ရန်နှင့်ထုတ်လုပ်မှုတိုးတက်စေရေးတို့သည် သင့်အတွက်နောက်ဆုံးပန်းတိုင်ဖြစ်ပေမယ့်ကျွန်ုပ်တို့ဒီဟက်(စ်)အတွက်ကတော့ ပထမဦးဆုံးစတင်ရမယ့်အချက်ပဲဖြစ်ပါသည်။
ကြက်စာ၊ ဘဲစာနှင့်ငုံးစာများ။

"အပူဒဏ်ခံစားရမှု" ကြောင့်မည်သို့သောဆိုးကျိုးများဖြစ်စေနိုင်ပါသလဲ?
တိရစ္ဆာန်အာဟာရကုမ္ပဏီတစ်ခုအနေဖြင့်မွေးမြူထားသောတိရစ္ဆာန်များအပူဒဏ်ခံရသောအခါတွင်၎င်းတို့အတွက်အကူအညီဖြစ်စေမည့်ဖြည့်စွက်စာများအပြင်အထူးသီးသန့်ထုတ်အစာများကို ဒီဟက်(စ်)မြန်မာကကူညီပံ့ပိုးပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏မွေးမြူရေးပညာရှင်များကသင့်ကိုအပြည့်အဝကူညီနိုင်ပါသည်။
Andriod ဖုန်းများအတွက် CoolCare အက်ပလီကေးရှင်းကြက်မွေးမြူရေးဆိုင်ရာသုတေသနများ
သင့်မွေးမြူရေးခြံတွင်အကောင်းဆုံးရလဒ်များရရှိရန်အတွက်ကျွန်ုပ်တို့၏မွေးမြူရေးဆိုင်ရာဖြေရှင်းနည်းများကို စဉ်ဆက်မပြတ်မြှင့်တင်ရန်လိုအပ်သည်ဟုကျွန်ုပ်တို့အနေဖြင့်ခံယူထားပါသည်။
ကျွန်ုပ်တို့၏ကမ္ဘာတစ်ဝှမ်းအတွေ့အကြုံများကိုအသုံးချလျက် လက်တွေ့ကျ၍နေရာဒေသနှင့်ကိုက်ညီမည့်ကြက်မွေးမြူရေးဆိုင်ရာဖြေရှင်းနည်းများကိုမြန်မာ့ကြက်မွေးမြူရေးလုပ်ငန်းရှင်များအတွက်ပံ့ပိုးပေးလျက်လည်းရှိပါသည်။
ဒါ့အပြင်ဥရောပနှင့်အာရှမှ ကျွန်ုပ်တို့၏ကိုယ်ပိုင် "သုတေသနနှင့်ဖွံ့ဖြိုးမှုတိုးတက်မှု" အဆောက်အဦများတွင်လည်း မတူညီသောအခြေအနေအမျိုးမျိုးတွင် မျိုးစိတ်အမျိုမျိုးအတွက်အကျိုးရှိစေမည့် သုတေသနအစီအစဉ်များကိုလည်း မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက် နေ့စဉ်နှင့်အမျှတိုးတက်အောင်လုပ်ဆောင်ကြိုးစားပေးလျက်ရှိနေပါသည်။
မွေးမြူထားသောတိရစ္ဆာန်များအတွက်ကျန်းမာရေး၊ အရွယ်ညီညာမှုနှင့်ထုတ်လုပ်မှုတိုးတက်စေဖို့ကသင့်အတွက်ရည်မှန်းချက်ပန်းတိုင်ဖြစ်သလို ကျွန်တော်တို့အတွက်အခြေခံကျတဲ့စတင်မှုလည်းပဲဖြစ်ပါသည်။

ကြက်မွေးမြူရေးဆိုင်ရာအသိပညာများ
ကျွန်ုပ်တို့၏ရင့်ကျက်သောကြက်မွေးမြူရေးဆိုင်ရာ အသိပညာများကသင့်မွေးမြူရေးခြံကိုတိုးတက်အောင်မြင်စေနိုင်ပါသည်။
ဒီဟက်(စ်)မွေးမြူရေးအစာများကိုသုံးစွဲခြင်းဖြင့် ကျွန်ုပ်တို့၏ကိုယ်ပိုင်စမ်းသပ်ခြံများ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပစ္စည်းများနှင့်အခြားသောမိတ်ဖက်များထံမှ ရရှိထားသောအဆိုပါအတွေ့အကြုံများနှင့်တွေ့ရှိမှုအသစ်များကိုလည်းသင်ရရှိနိုင်ပါသည်။ အဆိုပါအတွေ့အကြုံနှင့်တွေ့ရှိမှုများကိုအသုံးချပြီး ကျွန်ုပ်တို့၏မွေးမြူရေးပညာရှင်များ၊ ကိရိယာများနှင့် ကျွန်ုပ်တို့၏တိရစ္ဆာန်အစာအာဟာရပိုင်းဆိုင်ရာဖြေရှင်းချက်များမှတစ်ဆင့်လက်တွေ့ကျသောနည်းလမ်းများအဖြစ်သင့်ထံသို့ယူဆောင်လာပေးနိုင်ပါလိမ့်မည်။
ကျွန်ုပ်တို့၏ခြံတွင်း၊ ခြံပြင်စီမံခန့်ခွဲမှုကိရိယာများနှင့်ကျွန်ုပ်တို့၏အကြံဉာဏ်များ ဥပမာအားဖြင့် လေဝင်လေထွက်၊ တိရစ္ဆာန်များပြုစုစောင့်ရှောက်ခြင်း၊ သောက်သုံးရေစီမံခန့်ခွဲမှုနှင့် အစာကျွေးခြင်းဆိုင်ရာစီမံခန့်ခွဲမှုတို့နှင့်အတွက် သင်နှင့်အတူသင့်ခြံအတွက်ကူညီဖြေရှင်းပေးနိုင်စေပါမည်။


ဒီဟက်(စ်)၏ထူးခြားချက် (သို့) သင့်ခြံအရောက်ဝန်ဆောင်မှုများ
ကျွန်ုပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက်တန်ဖိုးရှိစေမည့် အကြံဉာဏ်များနှင့်အထောက်အပံ့များကို တစ်ကမ္ဘာလုံးရှိထောင်ပေါင်းများစွာသောမွေးမြူရေးသမားများနှင့်လက်တွဲကာဖြန့်ဝေပေးလျက်ရှိပါသည်။
ပိုမိုသိရှိလိုပါသလား?
ကမ္ဘာတစ်ဝှမ်းရှိမွေးမြူရေးသမားများအားကူညီထောက်ပံ့ပေးခြင်း
ကမ္ဘာတစ်ဝှမ်းရှိမွေးမြူရေးသမားများသည် ကျွန်ုပ်တို့၏အာဟာရဆိုင်ရာအသိပညာနှင့် ကုန်ကြမ်းများကိုကောင်းစွာသိရှိနားလည်မှုများမှတစ်ဆင့်အကျိုးကျေးဇူးများကိုရရှိနိုင်ကြပါသည်။ မွေးမြူရေးလုပ်ငန်းရှင်များအတွက်အသင့်တော်ဆုံးဖြစ်စေမည့် ဒီဟက်(စ်)အစာများသည်သင်၏လက်တစ်ကမ်းမှာပဲရှိနေပါသည်။
ကျွန်ုပ်တို့အားယခုပဲဆက်သွယ်လိုက်ပါ။ဖောက်သည်များ၏ထောက်ခံချက်များ။
ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။