အကျိုးသက်ရောက်မှုတွေကို ပထမနို့ပေးကာလထဲက မြင်တွေ့နေရပါပြီ။

16 စက် 2020

Karolina နဲ့ Lukasz တို့ဟာ ပိုလန်နိုင်ငံရဲ့အရှေ့မြောက်ခြမ်း Warsaw နဲ့ 120 km အကွာမှာရှိတဲ့ Sypniewo ဆိုတဲ့ရွာလေးမှာနို့စားနွားတွေမွေးမြူထားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ခြံကို ၂ဝ၁၇ ခုနှစ်မှာ Lukasz မိဘတွေဆီမှလွှဲပြောင်းရယူခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်တုန်းကသူတို့နှစ်ဦးဟာ ဝါဆောသိပ္ပံတက္ကသိုလ် (Zootechnics) ဘာသာရပ်ကိုလေ့လာခဲ့ကြပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာသူတို့ခြံအနေနဲ့မူလ နို့ညှစ်နွားမ (၃၆) ကောင်နဲ့ စုစုပေါင်း အကောင် (၄ဝ) ရှိရာမှ အကောင် (၅ဝ) အထိတိုးလာဖို့ ခန့်မှန်းထားပါတယ်။

Karolina and Łukasz Głuchowscy
ပိုလန်

နှစ်ပေါင်းများစွာကြာအောင် Lukasz ဟာ Farmer မဂ္ဂဇင်း နဲ့ .pl portal တို့မှာ  လမ်းညွှန်ဆောင်းပါးတွေနဲ့ ခြံreport တွေကို ရေးလေ့ရှိပါတယ်။ ဒီဂျာနယ်လစ် အတွေ့အကြုံအရ ခြံလုပ်ငန်းအတွက်ဆိုရင် စာတွေ့ကောင်းစွာ နှံစပ်ဖို့လိုသလို၊ လိုအပ်လာရင် မေးဖို့အတွက်လည်း ပညာရှင်တွေနဲ့ကောင်းစွာသိလဖို့လိုပ်တယ် လို့ သူကပြောပါတယ်။

ပြောင်းလဲဖို့အတွက် အလုပ်တွဲလုပ်ရန် တံခါးဖွင့်ကြိုဆိုခြင်း။

သမရိုးကျ ကျွေးမွေးတဲ့ပုံစံဟာ အလုပ်အများစုကို လူကိုယ်တိုင် လိုက်လုပ်ရပါတယ်။ သူတို့ခြံမှာ နွားတင်းကုပ် တစ်ခုရှိပြီး နွားတွေကို နေ့စဉ်အပြင်လွှတ်ဖို့လိုအပ်ပါတယ်။ Lukasz ဟာ သူ့အလုပ်တွေကို သူ့မိန်းမနဲ့အတူတွဲလုပ်ပါတယ်။ “ကျတော်တို့ဟာ အလုပ်တော်တော်များများကိုတွဲလုပ်ပါတယ်။ နို့အတူညှစ်ကြပါတယ်။ သားစပ်ရာသီရောက်လာတဲ့အခါမှာတော့ ကျတော့်မိန်းမဟာ နွားမတွေကို သားစပ်ဖို့ နွားသိုးရွေးချယ်ဖို့ ရယ် မျိုးရိုးဗီဇ တွေ ရွေးချယ်သတ်မှတ်ဖို့ရယ် နို့ညှစ်လုပ်ငန်းစဉ်တွေရယ် တာ၀န်ယူပါတယ်။ နောက်ပြီး စာရွက်စာတမ်း မှတ်တမ်းတွေကို လည်း တာ၀န်ယူပါတယ်။ ကျတော်ကတော့ အစာကြမ်းစိုက်ပျိုးဖို့နဲ့ အစာကျွေးမွေးဖို့ တာ၀န်ယူပါတယ်” လို့ သူကပြောပါတယ်။

အစာကျွေးမှုပုံစံပြောင်းလဲခြင်း

သူတို့မိဘတွေဆီကနေ ခြံကိုလွှဲပြောင်းယူပြီးချင်းမှာပဲ ခြံရဲ့ရလဒ်နှင့်ပတ်သတ်ပြီး စိန်ခေါ်မှု အများကြီးရှိခဲ့ပါတယ်။ ခြံရှိနွားတွေဟာ မျိုးရိုးဗီဇ ကောင်းတာကြောင့် နို့ပေးနှုန်းမြင့်မားနိုင်သော်လည်း လက်ရှိမှာ နည်းနေပါတယ်။ ဒါအပြင် တခါတရံမှာ နို့အုံရောင်ခြင်းနှင့် မျိုးပွားဆိုင်ရာ ပြဿနာတွေလည်းကြုံရပါတယ်။ဒါကြောင့် ခပ်မြန်မြန်ပဲ မဒန်းငယ်အုပ်စုကို Deheus စာ စကျွေးခဲ့ကြပါသည်။ “ကျတော်တို့ခြံဟာ 1970 ထဲက ဆောက်ထားတဲ့အတွက် ခြံကိုပြန်ပြင်ဖို့တွက် အခက်အခဲများစွာရှိပါတယ်။ ဒါကြောင့် နွားတွေနေဖို့ ခြံကို မပြောင်းလဲနိုင်တဲ့အခါ အစာကျွေးစနစ်ကို ပြောင်းလဲ ကြည့်ခဲ့ပါတယ်။ ပြောင်းလဲဖို့အတွက်အများကြီးတွေးခဲ့ပြီးမှ Deheus နဲ့ အကြံပြုသူတွေ ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲခဲ့ပါတယ်။ ပြောင်းလဲမှုကလည်း အရမ်းမြန်ခဲ့တယ်။2017 ဒီဇင်ဘာမှာ ပထမဆုံးအကြိမ် Deheus အစာနုကို ၀ယ်ယူခဲ့ပြီး ကျတော်တို့အစာကြမ်းနဲ့အတူ ကျွေးမွေးခဲ့ပါတယ်။ ခြံတိုင်ယာရောက် လေ့လာပေးပြီးတဲ့အခါ Deheus မှပညာရှင်တွေဟာ အစာကြမ်းအတွက် ဘယ်လိုရိပ်သိမ်းရမလဲ နဲ့ အစာ ဖော်မြူလာကို ဘယ်လို ညှိနှိုင်းရမလဲဆိုတာ လည်း အကြံပြုပေးကြပါတယ်” လို့ သူကပြောပါတယ်။

Gluchowscy ရဲ့ခြံကိုလေ့လာကြည့်ရှုလိုက်ပါ။

နွားအုပ်စုရဲ့ကျမ်းမာရေးဟာ ထွက်နှုန်းကောင်းဖို့အတွက် ဦးတည်ပါတယ်။

သုံးနှစ်ဖြတ်သန်းပြီးနောက်မှာ သူတို့ခြံမှာပြောင်းလဲမှုများစွာ ကြုံခဲ့ပါတယ်။
"ရလဒ်ကိုကြည့်ကြည့်ပါ။ ကျတော်တို့ နွားတစ်ကောင်ရဲ့တစ်နှစ်ပျမ်းမျှ နို့ထွက်နှုန်းဂာ 6000 လီတာရှိရာမှာ 8000,9000 လီတာအထိရောက်မယ်လို့ ထင်ခဲ့ပါတယ်။ တကယ်တမ်းကျ နှစ်နှစ်အတွင်းမှာတင် 10,500လီတာ အထိရောက်ခဲ့ပါတယ်။ နို့ထွက်ကောင်းလာတဲ့အပြင် အစာပြောင်းလဲရုံနှင့်  ဘာမှလုပ်ပေးစရာမလိုပါပဲ နွားတွေကျမ်းမာရေး အတော်တိုးတက်လာပါတယ်။ နို့အုံယောင်တာတွေလျှော့သွားတယ်။ မျိုးပွားစွမ်းအင်တွေ ပိုမြင့်လာပါတယ်။" 

 

ပိုမိုအောင်မြင်ဖို့ မဒန်းနဲ့ နွားငယ်တွေအတွက်ပါ ပြောင်းလဲခြင်း။

နို့ညှစ်နွားမတွေမှာ အကောင်းဆုံးရလဒ်ရတာနဲ့ ကျတော်တို့ဟာ မဒန်းနဲ့ နွားငယ်လေးတွေမှာပါ ‌ဂရုစိုက်ရမယ်လို့ သိလာပါတယ် ဆိုပြီး သူကပြောပါတယ်။ ခြံပိုင်ရှင်တွေဟာ Deheus ရဲ့ Keliber နွားငယ်ပြုစုစောက်ရှောက်ခြင်း program ကို သုံးခဲ့ကြပါတယ်။ ရလဒ်ကတော့ ပထမကြိမ်နို့ပေးတဲ့အခါမှာတင် သိသာတာပဲဗျ။ပထမအကြိမ် နို့ပေးနွားမတွေဟာ အရင်က ပထမ ရက်100မှာ 1500,1800နဲ့ စပြီး စုစုပေါင်း 3000 လီတာပေးရာမှ program သုံးထားတဲ့နွားတွေဟာ 4000လီတာနဲ့ စလာပြီး စုစုပေါင်း 10000လီတာအထိပါ နို့ပေးလာပါတယ်။ဒါဟာ အရမ်းကောင်းတဲ့ ရလဒ်ပဲဗျ။နွားမတွေဟာကျမ်းမာကြတယ် ပြီးတော့ရက်100အတွင်းမှာ ပြန်ကိုယ်၀န်ဆောင်နိုင်နေပြီဗျ။ဒါပြင် program သုံးတဲ့ နွားကလေးတွေဟာ တစ်ရက် 1- 1.5 kg အထိ ကိုယ်အလေးချိန်တိုးပါတယ်။နွားငယ်လေးတွေက ကြီးထွားနှုန်းမြန်တဲ့အတွက် နို့စောစောဖြတ်ပြီး ခြံက အစာကြမ်းကိုစောစောကျွေးနိုင်လာပါတယ်။အလုပ်လည်းမရှုပ်တော့သလို အကုန်အကျလည်း အများကြီးသက်သာသွားတယ်ဗျ လို့ သူကဆိုပါတယ်။

 

Perlacto, ကိုယ်တို့တို့ အခက်အခဲများအတွက် အဖြေ။

Kaliber program ကို ကျတော်အရမ်းကြိုက်ပါတယ်။ အရင်ကနို့ရှိန်ဖျားတွေ အရမ်းဖြစ်တယ်။ Prelacto မွေးခါနီစာကျွေးလိုက်တဲ့အခါ ရောဂါတွေမဖြစ်တော့ဘူးဗျ။ မွေးပြီး နွားမတွေ အားနည်းမှုမရှိတော့တာကြောင့် ဆရာ၀န်ပင့်ခနဲ့ဆေးကုခ အများကြီးသက်သာသွားတယ်ဗျ လို့ သူကပြောပြပါတယ်။

 

 

ကျွန်တော့်အနေဖြင့် (၂) နှစ်အတွင်း ၁ဝ,၅ဝဝ ကီလိုဂရမ်အထိထုတ်လုပ်နိုင်ခဲ့ပါတယ်

ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းလုပ်ဆောင်ခြင်းမှရတဲ့ရလဒ်

De Heus နဲ့လက်တွဲခြင်းဟာ အဟာရဆိုင်ရာ အကြံအဉာဏ်တစ်ခုထဲတင်ရတာမဟုတ်ပါဘူး။ “ ကျတော်တို့ဟာ အတူတူ ခြံစိုက်ပျိုးမြေတွေကို စစ်ဆေးပြီးတော့ ဒီမြေပေါ်မှာ ဘယ်သီးနှံတွေစိုက်ပျိုးနိုင်မယ်ဆိုတာကို သုသေသနလုပ်ခဲ့ကြပါတယ်။အခြေအနေအကုန်သိခြင်းဖြင့် ကုန်ကျစရိတ်အနည်းဆုံးနှင့် အရည်အသွေးကောင်းတဲ့အစာကို ရမှာဖြစ်ပါတယ်။ဒါပြင် အစာနဲ့ပတ်သတ်ပြီး sample ယူပြီး စစ်ဆေးခဲ့ကြပါသေးတယ်။တကယ်တော့ ကျတော်တို့က ပိုကောင်းအောင်လုပ်နိုင်တဲ့အရာမှန်သမျှကိုဆေးစစ် ပြီး လုပ်ဆောင်ခဲ့ကြတာပါ လို့ Lukasz ကပြောပါတယ်။ “ပညာရှင်တွေက အစာရောင်းရုံတစ်ခုထဲမဟုတ်ပါဘူး။ခြံနဲ့ပတ်သတ်ပြီး အကုန်စစ်ဆေးပြီး ကျယ်ကျယ်ပြန့်ပြန့်တွေးပေးပါတယ်။သူတို့ပေးတဲ့အကြံတွေ ကို လုပ်ဆောင်ခြင်းဖြင့် ဘာတွေတိုးတက်လာသလဲနဲ့ ဘာတွေ ထပ်တိုးတက်အောင်လုပ်ဆောင်ပေးရလဲ ဆိုတာလည်း အမြဲစိတ်၀င်တစားရှိပါတယ်။ De Heus နဲ့လက်တွဲလို့ ကျတော့်အတွက် ကြီးမာတဲ့အကျိုးရလဒ်ကတော့ De Heus ကပညာရှင်တွေကို အချိန်မရွေးခေါ်ဆို မေးမြန်းအကြံဉာဏ်တောင်းနိုင်ခြင်း ဖြစ်ပါတယ်” သူက ထပ်ပြောပါတယ် “ခြံပိုင်ရှင်တွေက အမြဲနိုးကြားကြားရှိဖို့ အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ကျတော်တို့ဟာ သက်ရှိတွေနဲ့အလုပ်လုပ်နေရပြီး နဲနဲပေါ့ဆလိုက်တာနဲ့ ဆုံးရှုံးမှု ကြီးသွားနိုင်တယ်လေ။ အဓိက အချက်က တစ်ခါမှားလိုက်တာနဲ့ နှစ်ပေါင်းများစွာ အကျိုးသက်ရောက်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။”

အိမ်မက်တွေတစ်ဆင့်ပြီးတစ်ဆင့်ဖော်ဆောင်ခြင်း။

“ကျတော်တို့အတွက် အကြီးဆုံးစိန်ခေါ်မှုက ထုတ်လုပ်မှုကုန်ကျစရိတ်ဘလျှာ့ချရန်ဖြစ်ပါတယ်။ ကျတော်တို့ဟာ တရိစ္ဆာန်‌ေတွ၊ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ သူတို့ သက်တောင့်သက်သာနေထိုင်နိုင်ဖို့၊ စက်ပစ္စည်းတွေ စသည်တို့အပေါ်မှာ အချိန်ရောငွေရော အများကြီးရင်နှီးမြှုပ်နှံခဲ့ကြရပါတယ်။ ပြီးတော့ ခြံအကျယ်အ၀န်းကိုလည်း ချဲ့ထွင်ခဲ့ပါတယ်။ ဒါပင်မဲ့ နို့၀ယ်ဈေးနည်းခြင်းဟာ ကျတော်တို့ plan တွေကို နှောင့်နှေးစေပါတယ်။”

2017 Farmer မဂ္ဂဇင်းရဲ့ လုပ်သားရင်ဖွင့်ရာ အစီအစဉ်မှာ Lukasz က “ကျတော်ဟာ ကိုယ်ပိုင်နွားခြံပိုင်ဖို့ အိမ်မက်ရှိတယ်” ဆိုတဲ့ခေါင်းစဉ်တစ်ခုရေးခဲ့ပါတယ်။  အိမ်မက်တွေအကောင်အထည်ပေါ်ဖို့ ဘာတွေ ဘာတွေ လုပ်နိုင်သလဲ ဆိုတာသိတဲ့ ခြံပိုင်ရှင်တွေ ဘာတွေလိုချင်ကြသလဲ? Karolina နဲ့ Lukasz ကတော့ “ နို့ဈေးမြင့်လာဖို့ လိုချင်တယ်။ ခြံအသစ်ဆောက်ချင်တယ်။နွားတွေတိုးလာချင်တယ်၊ အစာကျွေးတဲ့ အဆောက်အဦးတွေ ပိုဆောက်ချင်တယ်၊ တိတိကျကျဆိုရင်တော့ ခေတ်မှိီတဲ့ နွားအဆောက်အဦး၊ပစ္စည်းပစယတွေ တက်နျုင်ရင် ချက်ချင်း၀ယ်ယူဆောက်လုပ်ချင်ပါတယ်”လို့ပြောကြပါတယ်။


ဆက်စပ်အကြောင်းအရာများ: