ထောက်ခံချက်အမှတ် (ISO 22000:2018) ရဲ့စံနှုန်း၏အားသာချက်များ။
၁. ဒီဟက်စ်မြန်မာအနေနှင့် ပိုမိုကောင်းမွန်စိတ်ချရသည့်အစားအစာများ ရရှိရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ အရည်အသွေးကောင်းမွန်သော မွေးမြူရေးအစာထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အစားအစာများမှဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အများစုကို ဖော်ထုတ်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေသည့်အဖွဲ့အစည်းများအား စဥ်ဆက်မပျက်ကူညီပေးခြင်းဖြင့် အစာများကြောင့်ဖြစ်သည့်ရောဂါများနှင့် ညစ်ညမ်းမှုအန္တရာယ်များကို လျှော့ချပေးလျှက်ရှိပါသည်။
၂. စည်းကမ်းသတ်မှတ်ချက်ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း- ဒီဟက်စ်မြန်မာမှရရှိထားသော (ISO 22000:2018) လတ်မှတ်သည် ကုန်ပစ္စည်းထုတ်လုပ်လျှက်ရှိသည့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံအသီးသီးရှိ ကုမ္ပဏီများအတွက် အစားအစာဘေးကင်းလုံခြုံမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာအစားအသောက်ဘေးကင်းရေးဆိုင်ရာ ဥပဒေစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်စေဖို့အတွက် အမြဲကူညီပေးနေပြီး အစားအစာများကြာင့် ဖြစ်လာနိုင်ချေရှိသည့် ဘေးဥပါဒ်အန္တရာယ်များစွာကို လျော့ကျစေရန် ကာကွယ်ဆောင်ရွက်ပေးပါသည်။
၃. စားသုံးသူများအနေဖြင့် စိတ်ချလက်ချစားသုံးနိုင်ဖို့အတွက် (ISO 22000:2018) အသိအမှတ်ပြုလက်မှတ်သည် စားသုံးသူများအတွက်အပြင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ လက်တွဲဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့အစည်းများကို အစားအစာများဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး အကောင်းဆုံးအလေ့အကျင့်များ ရရှိစေရန် အလေးအနက်ထားဖော်ဆောင်လျှက်ရှိပါသည်။
၄. အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စီမံခန့်ခွဲမှုများနှင့်ပတ်သက်ပြီး (ISO 22000:2018) လတ်မှတ်သည် အစားအသောက်ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးရှိ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သည့်နည်းလမ်းများစွာကို ခွဲခြမ်းသတ်မှတ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အလေးပေးဖော်ပြလျှက်ရှိပြီး ကုမ္ပဏီများအနေဖြင့် ရေရှည်မှာဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များစွာကို ကြိုတင်ကာကွယ်နိုင်ရန် ကူညီပေးပါသည်။
၅. စျေးကွက်တွင်းသို့ ကုန်စ္စည်းများတင်သွင်းရောင်းချခွင့်- ISO 22000:2018 အသိအမှတ်ပြုလက်မှတ်သည် စီးပွားရေးလုပ်ငန်းများစွာကို စျေးကွက်တွင်းသို့ ကုန်စ္စည်းများတင်သွင်းရောင်းချခြင်းဖြင့် လုပ်ငန်းများချဲ့ထွင်ဖောက်ထွက်နိုင်စေရန်နှင့် နိုင်ငံတကာဖောက်သည်များကို ဆွဲဆောင်နိုင်စေရန်အတွက် ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုထားသည့် လက်မှတ်တစ်ခုဖြစ်ပါသည်။
၆။ ISO 22000:2018 အသိအမှတ်ပြုလက်မှတ်ရရှိထားခြင်းကြောင့် ကုန်ထုတ်လုပ်မှုအဆင့်ဆင့်မှ စားသုံးသူထံသို့မရောက်မှီထိ ကုန်ပစ္စည်းထုတ်ကုန်နှင့်ပတ်သက်ပြီး ဘေးန္တရာယ်ကင်းရှင်းရေးအတွက် စံနှုန်းနှင့်အညီစစ်ဆေးမှုများ၊ စောင့်ကြည့်လေ့လာမှုများကို မကြာခဏဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဥ်များစွာကို စဉ်ဆက်မပြတ်စေရန်အတွက် ကောင်းမွန်သည့်အလေ့အကျင့်တစ်ရပ်ကို မွေးဖွားပေးလျက်ရှိပါသည်။
၇။ ISO 22000:2018 အသိအမှတ်ပြုစံနှုန်း ကို ISO 9001 (အရည်အသွေးစီမံခန့်ခွဲမှု) (သို့မဟုတ်) ISO 14001 (ပတ်ဝန်းကျင်စီမံခန့်ခွဲမှု) ကဲ့သို့သော အခြားစီမံခန့်ခွဲမှုစနစ်များနှင့် ပေါင်းစပ်အသုံးပြုကာ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းလည်ပတ်မှုများအတွက် အကောင်းမွန်ဆုံးအလေ့အကျင့်တစ်ခုကို ဖန်တီးပေးနိုင်ပါသည်။
(ISO 22000:2018) အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းများအနေနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်ခြင်းနဲ့ပတ်သက်ပြီး သန့်ရှင်းဘေးကင်းမှုဆိုင်ရာအလေ့အကျင့်ကောင်းများကို တိုးမြှင့်နိုင်စေရန်နှင့် ကုန်ထုတ်လုပ်မှုစျေးကွက်လမ်းကြောင်းတစ်ခုပေါ်မှာ လုပ်ငန်းစုများပိုမိုချောမွေ့လည်ပတ်နိုင်မှာဖြစ်ပါသည်။
ISO 22000:2018
Certificate for De Heus Myanmar Ltd.