
Integrated partnership for Myanmar's better future.
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ De Heus Myanmar နှင့်အတူ “သစ်ပင်စိုက်ကြစို့”
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်တိုက်တွန်းခြင်းအဖြစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ကို ဇွန်လ (၅) ရက်နေ့တွင် နှစ်စဉ် ကျင်းပလေ့ရှိပါသည်။ မိမိပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို လှုံ့ဆော် ပေးသည့်အနေဖြင့် De Heus Myanmar သည် ယခုနှစ်တွင် JCI Yangon (Junior Chamber International) နှင့် ပူးပေါင်းကာ သစ်ပင်စိုက်ခြင်း အစီအစဉ်ကို Rima Charity ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သစ်ပင်စိုက်ပျိုးခြင်းသည် သက်ရှည်ကျန်းမာပြီး ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါ သည်။ ထို့အပြင် သစ်ပင်များသည် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်ရန်၊ ဇီဝမျိုးကွဲများကို ထိန်းသိမ်းရန်၊ လူသားတို့နှင့် တိရစ္ဆာန်များ၏ Quality of Life ကိုမြှင့်တင်ရန်နှင့် အခြားအရာများစွာအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ကို အထိမ်းအမှတ်အနေဖြင့် ပါဝင်ဆင်နွှဲရန်အတွက် De Heus Myanmar နှင့် JCI Yangon တို့ ပူးပေါင်း၍ အရိပ်ရအပင်များ၊ သရက်ပင်၊ စံပယ်ပင်အစရှိသော သစ်ပင်ပန်းမန်ပေါင်း (၄၀) ကို ဒေသခံ ပရဟိတကျောင်း တွင် စိုက်ပျိုးခဲ့ပါသည်။
“ကျွန်မရဲ့ကျောင်းဧရိယာမှာ သစ်တောတစ်ခုလောက်ကို စိုက်လိုက်ချင်တယ်။ ဒီနှစ်နွေရာသီက သည်းမခံနိုင် လောက်အောင် ပူပြင်းလှတာမို့ ကလေးငယ်တွေအနေနဲ့ ညဘက်မှာတောင် ကောင်းကောင်းအိပ်မပျော်နိုင်ကြ ပါဘူး။ ဒါဟာ သစ်ပင်တွေရဲ့အရိပ်က ဘယ်လောက်အရေးကြီးလဲဆိုတာ သိလာရတဲ့အချိန်ပါ။ ဒါကြောင့် ဒီကျောင်းလေးကို သစ်ပင်ပန်းမန်တွေနဲ့ အုံ့ဆိုင်းနေတဲ့ တောအုပ်လေး အဖြစ်ပြောင်းလဲချင်ခဲ့တယ်။ ဒီသစ်ပင်စိုက်မည့်အစီအစဉ်အကြောင်း ကြားသိရတဲ့အခါ ကျွန်မလုပ်ချင်တာတွေ အများကြီးလုပ်ရတာမှာမို့ အရမ်းစိတ်လှုပ်ရှားခဲ့ ပါတယ်” ဟု Rima Charity ကျောင်း၏ ကျောင်းအုပ်ကြီးက ပြောကြားခဲ့ပါသည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဆောင်ပုဒ်ဖြစ်သော “ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချကြစို့” နှင့်အညီ De Heus Myanmar က အစာအိတ်ခွံအလွတ်များကို သစ်ပင်စိုက်မည့် အိတ်များအဖြစ် ပြန်လည်အသုံးပြုခဲ့ကြပါသည်။ ထိုအစာအိတ်ခွံများသည် အပင်အသေးလေး များနှင့် အလယ်အလတ်အရွယ်ရှိသောအပင်များကို ထည့်၍စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ခဲ့ပြီး မိမိခြံအား အလှဆင်သည့်အခါတွင်လည်း အလွယ်တကူရွှေ့ပြောင်းနိုင်သည့် အပင်အိတ်လေးများပင်ဖြစ်ပါသည်။ ဤသို့ သစ်ပင်စိုက်ပျိုးခြင်းအပြင် ပြန်လည်အသုံးပြုနိုင်သည့် De Heus ခဲတံအိတ်လေးများကိုပါ အနီးနားကျောင်းများ တွင် တက်ရောက်နေကြသော ကလေးငယ်များအား ပေးအပ်ခဲ့ပြီး Rima Charity ကျောင်းသို့ ဆန်၊ ဆီကဲ့သို့ အခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့ပါသည်။
De Heus Myanmar နှင့် JCI တို့သည် နောက်လအနည်းငယ်တွင် Rima Charity ကျောင်းသို့ သွားရောက်၍ သစ်ပင်များ၏ ရှင်သန်ကြီးထွားမှုကို လေ့လာပြီး လိုအပ်သည်များထပ်မံ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထိုသစ်ပင်စိုက်ပျိုးခြင်းသည် အနာဂတ်တွင် ထွန်းလင်းလာမည့် ကလေးငယ်များ အတွက် စံနမူနာတစ်ခု ဖြစ်လာပြီး သဘာဝတရားနှင့်လည်း ပိုမိုနီးစပ်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။