
Essential Food Supply
De Heus Myanmar provided essentials foods to all employees.
De Heus Myanmar provided essentials foods to all employees.
ဒီဟက်(စ်)မြန်မာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲနှင့်ကြက်ဥ အစရှိသောအခြခံစားသောက်ကုန်များကိုဝေမျှခြင်းအစီအစဉ်။
၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက် နေ့တွင် ဒီဟက်(စ်)မြန်မာလီမိတက်တွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏သက်သာချောင်ချိရေးအတွက်ရည်ရွယ်ပြီး ဆန်၊ ဆီ၊ ပဲနှင့်ကြက်ဥအစရှိသော အခြေခံစားသောက်ကုန်အချို့ဝေမျှခြင်းအစီအစဉ်ကို ဒီဟက်(စ်)မြန်မာ၏တိရစ္ဆာန် အစာထုတ်လုပ်ရေးစက်ရုံများဖြစ်ကြသော မြောင်းတကာစက်ရုံ၊ မန္တလေးစက်ရုံနှင့်ဒီဟက်(စ်)မြန်မာ ရုံးချုပ်တို့တွင်ကျင်းပပြုလုပ်ပေးခဲ့ပါတယ်ခင်ဗျာ။
ဝန်ထမ်းတွေမရှိဘဲနဲ့ကျွန်တော်တို့ရဲ့မွေးမြူရေးလုပ်ငန်းရှင်တွေကိုကျွန်တော်တို့ဝန်ဆောင်မှုတွေပေးအပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်အခုလိုအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာလည်း ကျွန်တော်တို့ဒီဟက်(စ်)အနေနဲ့ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကို ကျွန်တော်တို့တည်ဆောက်ထားရှိပြီးဖြစ်တဲ့ Responsible Feeding Program ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။
ဆက်စပ်အကြောင်းအရာများ: