ဒီဟက်(စ်) သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက်အစာစက်ရုံကိုဖွင့်လှစ်လိုက်ပြီး၎င်း၏တိုးတက်မှုကိုဖော်ပြနိုင်ခဲ့ပါတယ်။

29 မေ 2018
-
2 minutes

၂ဝ၁၈ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ဒီဟက်(စ်) မြန်မာလီမိတက်သည် ၎င်းတို့၏ဒုတိယမြောက်အစာစက်ရုံကို မြင်းခြံခရိုင် မြို့သာစက်မှုဝန်းအတွင်းဂုဏ်ယူစွာဖြင့်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအစာစက်ရုံကိုဖွင့်လှစ်လိုက်နိုင်ခြင်းအားဖြင့် ဒီဟက်(စ်) သည်မြန်မာ့မွေးမြူရေးအစာထုတ်လုပ်မှုလုပ်ငန်းများအတွင်းဈေးကွက်ခိုင်မာမှုကိုပိုမိုသေချာစေခဲ့ပြီး မြန်မာနိုင်ငံရှိစိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်းအခွင့်အလမ်းများကိုဖြစ်ထွန်းစေနိုင်ခဲ့ပါသည်။ အဆိုပါစက်ရုံသည် မန္တလေးမြို့အနီး စတုရန်းမီတာ ၂၆ဝဝဝ ပေါ်တွင်တည်ရှိပြီးနှစ်စဉ် ထုတ်လုပ်မှု ပမာဏ မထရစ်တန် ၂၈ဝ,ဝဝဝ ရှိပြီးမြန်မာနိုင်ငံတွင်ရေရှည်တည်တံ့ဆုံး အစာအစာထုတ်လုပ်သည့်နေရာအဖြစ် သတ်မှတ်ခံထားရသည်။

ဒီဟက်(စ်) မြန်မာလီမိတက်၏ပထမဦးဆုံးအစာစက်ရုံကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်အတွင်းဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၎င်းစက်ရုံသည်အောက်မြန်မာပြည်ရှိမြို့များအတွက်ရည်ရွယ်ပြီး ယခုဖွင့်လှစ်လိုက်သောမြို့သာစက်ရုံကတော့ အထက်မြန်မာပြည်ရှိမြို့များအတွက်ရည်ရွယ်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။

တိရစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်းများတွင်ဦးဆောင်လျက်ရှိနေခြင်း။

မြောင်းတကာစက်ရုံမှထုတ်လုပ်နိုင်တဲ့အစာပမာဏတန်ချိန်တွေဟာသတ်မှတ်ချက်ပြည့်မှီသွားပြီးဖြစ်ပြီးတစ်ဖက်မှာလည်း တိုးတက်လာလျက်ရှိတဲ့ရောင်းအားတွေကိုဖြည့်ဆည်းပေးဖို့အတွက် နောက်ထပ်စက်ရုံတစ်ရုံတည်ဆောက်ဖို့လိုအပ်လာပါတယ်လို့ ဒီဟက်(စ်)မြန်မာလီမိတက်၏မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ Mr. Johan van den Ban ကပြောကြားပါတယ်။ ဒါတင်မကသေးဘဲ "ကျွန်တော်တို့ဒီဟက်(စ်)မြန်မာအနေနဲ့မြန်မာနိုင်ငံကိုစရောက်ပြီးနောက်ပိုင်းမြန်မာ့မွေးမြူရေးလုပ်ငန်းတွေဟာသိသိသာသာကိုတိုးတက်လာခဲ့ပါတယ်။ အခုဆိုရင်ကျွန်တော်တို့ရဲ့ ဒီဟက်(စ်) အမှတ်တံဆိပ်ဟာဆိုရင် အမှီအခိုကင်းတဲ့မြန်မာ့မွေးမြူရေးဈေးကွက်အတွင်းနံပါတ် (၁) နေရာကိုဆုပ်ကိုင်ထားနိုင်ခဲ့ပါပြီ။ မန္တလေးမြို့တွင်အစာဂိုထောင်များထားရှိလျက် အထက်မြန်မာပြည်ရှိမွေးမြူရေးသမားများအဆင်ပြေစေရန်ရောင်းချပေးခဲ့ပြီးစဉ်ဆက်မပြတ်တိုးတက်လာလျက်ရှိသောရောင်းအားများကြောင့် ကျွန်တော်တို့အနေနဲ့ဒုတိယမြောက်အစာစက်ရုံကိုရင်းနှီးမြှုပ်နှံဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ ယခုဒုတိယမြောက်အစာစက်ရုံမှလည်း မြန်မာ့မွေးမြူရေးသမားများလိုအပ်လျက်ရှိသော အရည်အသွေးမြင့်အစာများကိုပြည့်မှီအောင်ဖြည့်ဆည်းပေးသွားမှာပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင်အဆင့်အမြင့်ဆုံးခေတ်မီအစာစက်ရုံ။

ကျွန်ုပ်တို့ကတိပြုထားသည့်အတိုင်း အရည်အသွေးအကောင်းဆုံးနှင့်ခေတ်မီနည်းပညာ၊ ဗဟုသုတများကိုမြန်မာ့မွေးမြူရေးသမားများကိုပေးအပ်ခဲ့သည့်အတိုင်းပင် တစ်ဖက်မှာလည်းကျွန်ုပ်တို့၏ထုတ်ကုန်များတိုးတက်လာလျက်ရှိပြီးရောင်းအားများလည်းတိုးလာနေခဲ့ပါတယ်။ ယခုစက်ရုံသည်မြန်မာနိုင်ငံတွင်ခေတ်အမီဆုံးသောစက်ရုံတစ်ခုဖြစ်ပြီး ဥရောပထိပ်တန်းကုမ္ပဏီကြီးများမှ စက်ပစ္စည်းများကိုအသုံးပြုထားပြီး ထုတ်ကုန်များကို အလိုအလျောက်စီထုတ်ပေးနိုင်သည့် စက်ရုပ်လက်တံများအပါအဝင် အစာအိတ်အမြောက်အများကို စနစ်တကျသိုလှောင်ထားနိုင်မည့်နည်းပညာများလည်းပါဝင်ထည့်သွင်းတည်ဆောက်ထားပါတယ်။

ကုန်ကြမ်းများအရည်အသွေးပြည့်မှီရေးမှသည်အဆင့်မီအစာများရရှိနိုင်ရေးအထိလုပ်ငန်းစဉ်အားတောက်လျှောင်စောင့်ကြည့်နိုင်စေရန်အတွက် ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းတစ်ခုကိုလည်းယခုမြို့သာစက်ရုံတွင်ထည့်သွင်းတည်ဆောက်ထားပါတယ်။ အထူးခြားဆုံးအချက်အနေနဲ့ကတော့ စက်ရုံခေါင်မိုးပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားပေါင်းမြောက်များစွာတပ်ဆင်ထားပြီး ၎င်းနေစွမ်းအင်သုံးဆိုလာပြားများမှနှစ်စဉ်တစ်နာရီလျှင် ၆၆၃ မီဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရရှိနိုင်မှာဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု ၁.၅ တန်ကိုလည်းထိန်းသိမ်းလိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီစက်ရုံဟာ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီပြီးရေရှည်တည်တံ့မှုကိုထိန်းသိမ်းအထားနိုင်ဆုံးစက်ရုံလည်းပဲဖြစ်ပါတယ်။ စက်ရုံ၏လျှပ်စစ်သုံးစွဲမှုတစ်စိတ်တစ်ပိုင်းကို ယခုဆိုလာပြားများမှထုတ်လုပ်ရယူကာလျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲအသုံးချလျက်ရှိနေပါတယ်။ အခြားသောကျွန်တော်တို့နဲ့လုပ်ငန်းတူများကိုလည်းယခုကဲ့သို့သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေမည့်နည်းလမ်းများတွင်ရင်းနှီးမြှုပ်နှံရန်အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။