အစာကြမ်းများ၏အရည်အသွေးနှင့်အကျိုးသက်ရောက်မှု။

17 ဇွန် 2024
-
10 Mins

an image of the stuck of straw

နွားစာများတွင် အစာကြမ်းများ၏အရည်အသွေးနှင့်အကျိုးသက်ရောက်မှု။

ပတ်ဝန်းကျင်မှာ ရက်ရှည်ကြာစွာစိုစွတ်လာရင် နို့စားနွားမကြီးတွေအတွက် စိတ်ဖိစီးမှုဒဏ်ကို ပြင်းထန်စွာခံစားရစေပါတယ်။ နောက်ဆက်တွဲတွေကတော့ နို့ထွက်နှုန်းကျတာ၊ နို့ကျဲတာတွေ ဖြစ်လေ့ရှိပါတယ်။ နို့စားနွားတွေအနေနဲ့ အာဟာပြည့်ဝနေပြီး နို့ထွက်နှုန်းကောင်းဖို့ စွမ်းဆောင်ရည်တွေ မြင့်နေမှရပါမယ်။

နို့စားနွားများ အာဟာရပြည့်ဝဖို့အတွက် လေ့လာကြည့်မယ်ဆိုရင် အစာကျွေးခြင်းအရင်းအနှီးက နို့ထုတ်လုပ်မှု ပိုမိုကောင်းမွန်လာစေဖို့အတွက် ကျွေးမွေးကြတာ ဖြစ်ပါတယ်။ ဒါကြောင့်အစာအချိုးအစားတစ်ခု၏ အရည်အသွေး (သို့မဟုတ်) စွမ်းဆောင်ရည်ကလည်း နို့စားနွားခြံတစ်ခုအတွက် အဓိကအရေးကြီး‌‌သော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ နို့စားနွားခြံတစ်ခြံမှာ အစာကျွေးမွေးတဲ့အခါ အာဟာရပြည့်ဝသည့်အစာ (သို့မဟုတ်) စွမ်းဆောင်ရည်မြင့်မားသည့်အစာအချိုးအစားလို့ သတ်မှတ်ဖို့အတွက်ဆိုရင် မိမိတို့နွားတွေဆီကရရှိတဲ့ နွားနို့များ၏ အဆီဓာတ်နှင့် အသားဓာတ်ပါဝင်နှုန်းတို့ကို ကြည့်ရှုပြီး ဖော်ပြသတ်မှတ်လေ့ရှိပါတယ်။ ထိုတွက်ချက်ပုံကို နွားမမှစားသုံးသော အစာခြောက် အလေးချိန်ပေါ်တွင် မူတည်ပြီးတွက်ချက်ပါတယ်။

စီးပွားဖြစ်မွေးမြူခြင်းအတွက်ဆို အစာကြမ်းလိုအပ်ချက်က မြင့်မားပေမဲ့ အရေးလည်းကြီးလှပါတယ်။ ဒါကြောင့် အစာကြမ်းလုံလောက်ဖို့ ဝယ်ယူရတဲ့ အရင်းအနှီးကလည်း စိးပွားဖြစ်မွေးမြူရေးတစ်ခြံခြံ၏ အဓိကကုန်ကျစရိတ်လည်းဖြစ်ပါတယ်။ 

အချုပ်ဆိုရမည်ဆိုရင် ခြံရှိနွားများအရွယ်ရောက်ပြီး ကြီးထွားနှုန်းကောင်းမွန်ရန်၊ ထုတ်လုပ်မှုမြင့်မားရန်အတွက် နည်းပညာအသစ်များကို သုတေသနပြုရန် လိုအပ်လျှက်ရှိပါတယ်။ အစာကြမ်းထွက်နှုန်း၊ အရသာကောင်းမွန်ရန် ပြုပြင်ကျွေးခြင်းနှင့် အာဟာရပိုမိုပါဝင်အောင် လုပ်ဆောင်ခြင်းတို့က သင်၏နို့စားနွားခြံအတွက် အလွန်အရေးပါလှတယ်။

ခြံတစ်ခြံ၏ အစာလိုအပ်ချက် ပမာဏအများစုမှာ အစာကြမ်းဖြစ်သည့်အလျှောက် အစာကြမ်းအရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် အစာကြမ်းအာဟာရကလည်း ပြည့်ဝနေဖို့လိုအပ်ပါတယ်။ အရည်အသွေးပြည့်ဝသည့်အပြင် ပြည်တွင်းရှိအစာကြမ်းများကို အခြေခံပြီး အာဟာရဓာတ်များစွာပါသည့် 5971E ရောစပ်နွားစာမှုန့်အသစ်ကို ကျွန်တော်တို့ဒီဟက်စ်မှ အသစ်ထပ်မံထုတ်လုပ်ပေးထားပါတယ်။ ရရှိတဲ့အစာကြမ်းကလည်း နို့စားနွားများလိုအပ်တဲ့ အစာခြောက်ပမာဏအတိုင်း အပြည့်အဝရရှိဖို့ အရေးကြီးပါတယ်။ ဆိုတော့ လက်ရှိအသုံးပြုနေတဲ့ အစာကြမ်းတွေက အာဟာရပြည့်ဝတဲ့ အစာတွေဖြစ်နေစေဖို့ အစာကြမ်း၏ အရည်အသွေးကို မြှင့်တင်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

အရည်အသွေးကောင်းခြင်း မကောင်းခြင်းမှာ အစာကြမ်း၏ . . . 

      1️⃣ သယ်ယူရတာ ခက်ခဲခြင်း။
      2️⃣အခြောက်ခံသိုလှောင်ရာမှ ရေဓာတ်ဆုံးရှုံးမှု။
      3️⃣အချဉ်ဓာတ်လွန်ကဲလာမှု။
      4️⃣ မှိုတက်ခြင်း။

အထက်ပါအချက်များကို လေ့လာပြီးခွဲနိုင်ပါတယ်။ ဒါတွေကိုသာစနစ်တကျ ကန့်သတ်နိုင်မယ်ဆိုရင် အာဟာရပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အစာကြမ်းအမျိုးအစားတွေကို ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ 5971E ရောစပ်နွားစာမှုန့်မှာဆိုရင် အရည်အသွေးမြင့်ပြီး ကောင်းမွန်တဲ့ အစာကြမ်းပစ္စည်းများကို ထည့်သွင်းဖော်စပ်ထားတာကြောင့် သုံးစွဲသူ နို့စားနွားမွေးသမားများအနေနဲ့ အရည်အသွေးမကောင်းတဲ့ အစာကြမ်းတွေရဲ့ ဒုက္ခကို အတန်အသင့်လျှော့ချနိုင်မှာ ဖြစ်တာကြောင့် စမ်းသပ်သုံးစွဲကြည့်ဖို့ အကြံပြုပါရစေခင်ဗျ။

အစာကြမ်းများ ကောင်းမွန်ပါက အကျိုးဆက်အားဖြင့် နွားများအတွက် အာဟာရလုံလောက်စွာ ရရှိစေမည့်အပြင် နို့ပေးနှုန်း၊ မျိုး‌အောင်နှုန်းနှင့် ကျန်းမာ‌ရေးပိုမိုကောင်းမွန်စေတာကို တွေ့ရပါမည်။ ထို့အပြင် ကျွန်တော်တို့ဒီဟက်စ်မြန်မာမှလည်း မြေပြင်မွေးမြူသူများဆီမှ အနီးကပ်လေ့လာမှတ်တမ်းများရယူပြီး ရလာဒ်များကို အဓိကထားတွက်ချက်ကာ လိုအပ်သည့်မွေးမြူရေးနည်းစနစ်များကို ဒီဟက်၏ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ကာ အသိပညာဗဟုသုတများ ဖြန့်ဖြူးပေးလျှက်ရှိပါသည်။ 

နို့နွားခြံတွင်ကျွေးသော အစာအချိုးအစား၏ အရည်အသွေးနှင့် အာဟာရပြည့်ဝမှုကို အကြမ်းဖျင်းအားဖြင့် နို့ထွက်ပမာဏကိုကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။ ဥပမာ- အစာအခြောက်ဓာတ် ၁ ကီလိုရရှိ‌သောနွားမှာ ၁.၃၃ ကီလိုနှင့်အထက် နို့‌ပေးလေ့ရှိပါသည်။ အောက်ပါအချက်များအပေါ် မူတည်၍ ခြံတစ်ခြံနှင့်တစ်ခြံ အစာအဟာရလိုအပ်ပုံ (သို့မဟုတ်)လို အပ်ချက် ကွဲပြနိုင်ပါသည်။

     🟢အစာထိန်းသိမ်းပြုပြင်မှုနှင့် အာဟာရမပြည့်ဝမှု

     🟢 နို့ထွက်နှုန်း။

     🟢 အစာကြမ်းအရည်အသွေး။

     🟢 နို့ပေးကာလသက်တမ်း အခြေအနေ။

     🟢 စွမ်းအင်နှင့်အသားဓာတ်ပြည့်ဝမှု။

     🟢 နို့ပေးချိန် နွားမ၏အသက်။

အရည်အသွေးနှင့် အာဟာရမြင့်မားသော အစာအမယ်များကို တွက်ချက်ကျွေးခြင်း၊ အစာကုန်ကျစရိတ်လျှော့ချခြင်း၊ နို့ထုတ်လုပ်မှုမြင့်မားစေခြင်း၊ နွားများ၏ကျန်းမာရေးတိုး တက်ကောင်းမွန်စေခြင်း ထိုကဲ့သို့စွမ်းဆောင်မှု နည်းလမ်းကောင်းများစွာကို ကျွန်တော်တို့ဒီဟက်စ်မြန်မာမှ အစဥ်အမြဲပေးနိုင်ရန် ဒီဟက်စ်၏ နွားမွေးမြူရေး ကျွမ်းကျင်ဆရာဝန်များနှင့်တိုင်ပင် ကြိုးစားလျက်ရှိပါတယ်။