ကြက်ဖင်ဆီဖူးရောင်ရောဂါအကြောင်း။

30 ဇူလိုင် 2024
-
10 Mins

A photo of white broiler chicken in unstable condition.

ကြက်ဖင်ဆီဖူးရောင်ရောဂါ။

ဒီရောဂါနဲ့ မိုးရာသီဆိုတာအမြဲဒွန်တွဲနေတယ်လို့တောင်ဆိုရမလားပဲ။
ခြံတွေရောက်တိုင်းအတွေ့များရတဲ့ရောဂါတစ်ခုပေါ့ဗျာ။
သူ့ကို Infectious Bursal Disease (IBD) လို့ခေါ်ဆိုပြီး အမေရိကန်နိုင်ငံ၊ Delaware ပြည်နယ်၊ Gumboro မြို့မှာဦးဆုံးတွေ့ခဲ့ရတာမို့လို့ (Gumboro) ရောဂါလို့လည်းခေါ်ကြပါတယ်။ ကြက်ဖင်ဆီဖူးရောင်ရောဂါဟာ Binar Virus Type 1 ကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ်။

🟥 သူကဘယ်လိုတွေကူးစက်တတ်သလဲ..? သင့်ခြံမှာရော ကူးစက်ပြီဆိုရင်ဘာတွေဖြစ်နိုင်သလဲ..?

ကြက်ဖင်အဆီဘူးရောင်ရောဂါဟာ အစာလမ်းကြောင်းမှတဆင့် စအိုအနီးမှာရှိနေတဲ့ ဖင်ဆီဖူးကိုကူးစက်တဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ကြက်တစ်ကောင်မှတစ်ကောင်သို့ ကြက်ချေးမှ တစ်ဆင့်လည်းကောင်း၊ ရောဂါပိုးပါရှိတဲ့ လူ၊ တိရစ္ဆာန်နှင့် ခြံသုံးပစ္စည်းများမှလည်းကောင်း ရောဂါကူးစက်နိုင်ပါတယ်။ အဲ့ဒီရောဂါပိုးကူးစက်ပြီဆိုတာနဲ့ကြက်တွေကကုပ်နေမယ်။ အစာစားနှုန်းကျလာမယ်။ ဝမ်းပျက်မယ် စတာတွေဖြစ်လာပါလိမ့်မယ်။ အဲ့လိုတွေဖြစ်လာပြီဆိုရင်တော့ ညီအစ်ကိုတို့ရဲ့ခြံမှာ ကြက်သေတွေစတွေ့ရပါတော့မယ်။ (ခြံသမားတွေ မမြင်ချင်ဆုံးမြင်ကွင်းပေါ့ဗျာ)

a white broiler chicken is not feeling well

🟥 ရောဂါလက္ခဏာတွေကဘာတွေလဲ...?

လမ်းလျှောက်လျှင်ယိုင်ခြင်း၊ ဖင်အမွှေးစိုခြင်း၊ ဖင်ဆိတ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖင်နီရဲခြင်းစတဲ့ လက္ခဏာတွေကိုမြင်ရတတ်ပါတယ်။ ကြက်သက် (၂) ပတ်သားကနေ (၄) ပတ်သားလောက်တွေမှာအတွေ့များလာရပါတယ်။

🟥 ဘာ့ကြောင့်ဒီရောဂါကို ဂရုစိုက်ဖို့လိုအပ်တာလဲ...?

ဒီရောဂါကူးစက်ခံရပြီဆိုတာနဲ့ ရောဂါပိုးဟာ ကြက်တွေရဲ့ကိုယ်ခံအားစနစ်ကိုအဓိကတိုက်ခိုက်မှာဖြစ်ပြီး အခြားသောရောဂါတွေအလွယ်တကူဝင်လာနိုင်ကာ ခြံလုံးပြုတ်နိုင်တာကြေင့် မိမိခြံအနီးနားကအခြားခြံတွေမှာ ဒီရောဂါစတင်ဖြစ်ပွားနေပြီလို့အသံကြားတာနဲ့မိမိကြက်ခြံရဲ့ "ဇီဝလုံခြုံရေး" ကိုအထပ်ထပ်တိုးမြှင့်လုပ်ဆောင်ရတော့မယ်ဆိုတာ သိထားရပါတော့မယ်။

🟥 ဒီရောဂါကိုဘယ်လိုကာကွယ်လို့ရနိုင်မလဲ...?
အထက်မှာဖော်ပြပေးခဲ့သလိုပဲမိမိခြံရဲ့ဇီဝလုံခြုံရေးကိုအထပ်ထပ်မြှင့်တင်ပေးနိုင်မယ်ဆိုရင်တော့တော်တော်ကြီးကိုကာကွယ်ပြီးသားဖြစ်ပါမယ်။ နောက်ထပ်အရေးကြီးတာက မွေးမြူမယ့်ကြက်တွေရဲ့ မျိုးရိုးကောင်းမကောင်းရယ် ကာကွယ်ဆေးတွေသေချာထိုးနှံထားတဲ့ကြက်ပေါက်တွေဟုတ်မဟုတ်ရယ်ကိုထည့်သွင်းစဉ်းစားရပါမယ်။ IBD ကာကွယ်ဆေးကို (၁၂) ရက်သားနဲ့ (၁၄) ရက်သား အဲ့ဒီအချိန်အတွင်းမှာပေးသင့်ပါတယ်။  ကြက်ခြံအဝင်အထွက်မှာ ပိုးသတ်ကန်တွေသေချာစွာပြုလုပ်ထားရှိတာကလည်းကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ။  

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။

ကျွန်ုပ်တို့သင့်ကိုကူညီနိုင်ပါတယ်။

မွေးမြူထားသောတိရစ္ဆာန်အမျိုးအစား