ဆိတ်မွေးမြူရေးနှင့်သားစပ်ခြင်း

21 ဖေဖော်ဝါရီ 2022
-
3 Mins

''ဆိတ်မွေးမြူရေးနှင့်သားစပ်ခြင်း''

ဆိတ်မွေးမြူရေးနှင့်ပတ်သတ်သည့် သားစပ်ခြင်း၊ သန်ချခြင်း နှင့် ပဋိဇီဝဆေးဝါးများသုံးစွဲခြင်းစသည့်တို့တွင် ရှောင်ရှားသင့်သည့်အချက် (၁၁) ချက်ကို ဆိတ်မွေးမြူရေးလုပ်ငန်းရှင်များ သိရှိနားလည်နိုင်စေရန်အတွက် ကျွန်တော်တို့ဒီဟက်(စ်) မြန်မာလီမိတက်မှ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

၁။ သားစပ်ပြီးဆိတ်မ (သို့) ဇီး (၃)လနှင့်အထက်ရှိသော ဆိတ်မများအား ခရီးဝေးသယ်ဆောင်ခြင်းမပြုသင့်ပါ။

၂။ သားစပ်/သားဖောက်ရာတွင် ၂ နှစ်လျှင် (၃) ကြိမ်ထက်ပို၍ လုပ်ဆောင်ခြင်း မပြုသင့်ပါ။

၄။ ဆိတ်ကို ဂျိုဖြတ်ခြင်း/ဂျိုသတ်ခြင်း မပြုလုပ်သင့်ပါ။

၅။ သံချဆေးများ‌ကို အမျိူမျိုးလှည့်ပြောင်း သုံးစွဲတာမျိုး မပြုလုပ်သင့်ပါ။

ဆေးတစ်မျိုးတည်းသာ ပုံမှန် သုံးသင့်သည်။ လိုအပ်မှသာ ပြောင်းလဲသုံးသင့်သည်။

၆။ အသက်အရွယ်အားဖြင့် ငယ်လွန်းသော ဆိတ်မအား သားစပ်ခြင်း မပြုသင့်ပါ။
အနည်းဆုံး အသက် ၉-လနှင့်အထက်မှသာ သားစပ်သင့်ပါသည်။

၇။ အစာနှင့်ရေ အတွင်းမှာ ပဋိဇီဝပိုးသတ်‌ဆေး၊သန်ချဆေးနှင့်အခြားဆေးဝါးများ ထည့်သွင်းရောစပ်ကျွေးခြင်း မပြုသင့်ပါ။ လိုအပ်ပါက ထိုးနှံခြင်း၊တိုက်ကျွေးခြင်း ပြုလုပ်သင့်သည်။

၈။ အစေ့အဆံအစာ/အစာနုများကို အချိန်ပြည့်စိတ်ကြိုက်စားစေရန်အတွက် အစာခွက်အတွင်းမှာ မပြတ်ထားရှိပေးခြင်း မပြုသင့်ပါ။ သတ်မှတ်ပမာဏအတိုင်းသာ ကျွေးသင့်သည်။

၉။ အစာကြမ်းကို ပမာဏအကန့်အသတ်ဖြင့်ကျွေးခြင်း မပြုသင့်ပါ။
၁၀။ အစာကြမ်းနှင့်အ‌စေ့အဆံ(သို့)အစာနုကို မျှတအောင်ကျွေးပေးသင့်သည်။ အစေ့အဆံ(သို့)အစာနုများ အလွန်အကျွံကျွေးပြီး ခန္ဓာကိုယ်အလေးချိန် အမြန်တိုးစေခြင်း မပြုလုပ်သင့်ပါ။ ဆိတ်၏ သဘောသဘာဝမှာ ခန္ဓာကိုယ်အ‌လေးချိန် အကျမြန်လေ့ရှိပြီး အတက်ကြာ‌လေ့ရှိသည်။

၁၁။ အပြင်ကပ်ပါးပိုးသတ်ဆေး (Pesticide) များကို ခြံတွင်းလေအဝင်အထွက်ကောင်းအောင် စီမံပြီးမှသာလျှင် ဖြန်းပက်ခြင်း ပြုလုပ်သင့်သည်။ အသက် ၃-လအောက်အရွယ် ဆိတ်ငယ်များတွင် အသုံးမပြုသင့်ပါ။ အစာများနှင့်ဝေးသောနေရာတွင် ထားရှိသင့်သည်။ အသုံးပြုမည့် ဆေးအမျိုးအစားနှင့်ဆေးအညွှန်းများကို အသုံးမပြုမှီ စေ့စပ်စွာ ဖတ်မှတ်သင့်သည်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။